Mark's pov (unicode)

213 26 10
                                    

(Part 4)

လွန်ခဲ့သော 15 နှစ်တုန်းကပေါ့ ...

ကျွန်တော် Haechan နဲ့ စတွေ့ခဲ့တာ။

ရှုံ့မဲ့မဲ့လေးနဲ့ အိမ်ရှေ့မှာ ထွက်ထိုင်နေခဲ့တဲ့ ကောင်လေးက ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံးသူ ဖြစ်လာလိမ့်မယ်ဆိုတာ ဘယ်သူက ထင်မိမှာလဲ?

အခုမှ ဒီရပ်ကွက်ထဲ အသစ်ပြောင်းလာတာမို့လို့ ထို့နေ့တုန်းက ညစာဝယ်ဖို့ စတိုးဆိုင် လိုက်ရှာရင်း ကျွန်တော် လမ်းပျောက်နေခဲ့တာလေ။

"ဟေ့ ကလေး! ဒီနားမှာ စတိုးဆိုင်လေး ဘာလေး မရှိဘူးလား?"

တုတ်ချောင်းလေးနဲ့ မြေပြင်မှာ ဘာပုံတွေခြစ်နေမှန်း မသိတဲ့ ကောင်လေးကို သူတို့ ခြံဝကနေ ကျွန်တော် လှမ်းမေးလိုက်တဲ့အခါမှာတော့ ခေါင်းလေး မော့ကြည့်လာပါ၏။

"ဒီနားမှာတော့ ရှိဘူးဗျ ... နှစ်လမ်းကျော်မှာတော့ တစ်ဆိုင် ရှိတယ်"

ကလေးပီပီ အသံစူးစူးလေးနဲ့ ဖြေလာတဲ့ Haechan က ကျွန်တော့်မျက်လုံးထဲမှာတော့ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကြောင့် ဝက်ဝံပေါက်လေးလို။

"အင်း ... ကျေးဇူးပဲ"

ကောင်လေးရဲ့ ကျေးဇူးကြောင့် စတိုးဆိုင်ကို ရှောရှောရှူရှူပင် ရောက်သွားပြီး လိုချင်တဲ့ ညစာရခဲ့ပေမယ့်လည်း ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းလေးတွေကိုတော့ ကျွန်တော့်စိတ်ထဲက မမေ့ဖျောက်နိုင်ခဲ့ဘူး။

အဲ့လိုနဲ့ ဝယ်ဖို့ အစီအစဉ် မရှိတဲ့ ချောကလက် ရေခဲမုန့်ဘူးကို ကိုင်ပြီး အိမ်ပြန်လမ်းနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်ခဲ့တဲ့ ကျွန်တော်က နည်းနည်းတော့ ရယ်စရာကောင်းခဲ့ပါရဲ့။

"ဟေ့ ဝက်ဝံပေါက်!"

ခြံဝရှေ့ ပြန်ရောက်လာတော့ ကျွန်တော် သက်ပြင်းတိုလေး တစ်ချက် ချမိပြီးပင် အခုထိ ငူငူငိုင်ငိုင်လေး ထိုင်နေသေးတဲ့ ကောင်လေးကို လှမ်းခေါ်လိုက်ပါ၏။

"ဟင် ... ကျွန်တော့်ကို ခေါ်တာလား?"

'ဝက်ဝံပေါက်' ဆိုပြီး ခေါ်လိုက်လို့ ထင်ပါရဲ့၊ အူကြောင်ကြောင်လေးနဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ မေးလာတဲ့ Haechan က မျက်လုံးအပြူးသား။

solitary souls {markhyuck}Where stories live. Discover now