ထပ်ခါတလဲလဲရေရွတ်နေမိတဲ့စကားက "မေ့သွားရင် ဘယ်လိုလုပ်မလဲ ငါသူ့ကိုမေ့သွားရသ် ဘယ်လိုလုပ်မလဲ" ဆိုတာပဲ
မေ့သွားမှာကြောက်တယ်...
စာမေးပွဲဖြေခါနီး စာတွေ့မေ့သွားမှာကြောက်တဲ့ ကလေးတစ်ယောက်လို ထပ်ခါထပ်ခါအဲ့နေ့တွေကို ပြန်တွေးနေမိတယ်...ဧပြီရောက်ခါနီးလေ စိတ်တွေကခြောက်ခြားလာလေ
ဗုံသံနဲ့ ဒိုးချပ်သံတွေပါတဲ့ သကြန်သီချင်းတွေကြားတိုင်း ရင်ဘတ်တစ်ခုလုံးကို ဆွဲညစ်ရမ်းလိုက်သလိုပဲ..ရှေ့နှစ်တွေမှာ နယ်မြို့လေးကို ပြန်ဖို့တက်ကြွခဲ့သလောက် အခုနှစ်မှာတော့ ပြန်လာဖို့အတွေးတွေဟာ မရှိသလောက်ပဲ..။ ပြန်မလာချင်တာထက် ပြန်လာဖို့သတ္တိမရှိခဲ့တာဆိုပိုမှန်မှာပေါ့လေ။
မြို့အ၀င်လမ်းကို နင်မပါပဲသွားရမယ်ဆိုတဲ့ အတွေးနဲ့တင် အသက်ရှူတွေကြပ်ပြီးလက်ဖျားတွေအေးစက်ဖို့လုံလောက်ခဲ့တယ်..။ ရူးတော့မသွားလောက်ပါဘူး ငါနင့်ကိုရူးသွားလောက်တဲ့အထိတော့မချစ်ခဲ့ဘူးထင်တယ်။