အချိန်တွေက အံ့ဩဖို့ကောင်းလောက်အောင်ကို အကုန်မြန်နေတယ်
နင့်လက်နွေးနွေးကိုဆုတ်ကိုင်ရင်း လမ်းလျှောက်ခဲ့တဲ့နေ့တွေက မနေ့တနေ့ကလိုပဲ
အိမ်အပေါ်ထပ်မှာ လူမသိသူမသိ နမ်းခဲ့တဲ့အနမ်းတွေကလဲ ငါ့နှုတ်ခမ်းဖျားမှာခုထိ ခံစားလို့ရနေတုန်း..အဲ့ရက်တွေတွေနီးကပ်လာလေ ပြီးခဲ့တဲ့နှစ်က အငွေ့အသက်တွေက ပိုပြီးခံစားရလာလေပဲ
ငါပြန်လာလိုက်ရမလား ပြန်လာပြီးဘာမှမဖြစ်ခဲ့သလိုပဲ ငါတို့ပြန်ပြီးသူငယ်ချင်းလုပ်ကြမလားနင်ကတော့အဲ့လိုလုပ်နိုင်မလားမသိပေမယ့် ငါ့အတွက်တော့ ခက်ကခဲမယ်ထင်တယ်.. ငါတို့အမှတ်တရတွေက အပေါယံမှမဟုတ်ခဲ့တာ နင့်အတွက်တော့မသိပေမယ့် ငါ့အတွက်တော့ အရိုးထဲထိစွဲနေတဲ့ သေရာပါ အမှတ်တရတွေပဲ
Adjustor ရဲ့ အမှတ်တရနွေကြားတိုင်း ငါကတော့ချာချာလည်အောင်ရူးချင်တော့တာပဲ