-

20 3 0
                                    

တနေကုန်ရေဆော့ပြီးလို့ အပြန်ညနေဆောင်းမှာ ဆိုင်ကယ်စီးရင်းတိုက်ခက်လာတဲ့လေဟာ စိမ့်နေအောင်အေးတာမလို့ အနောက်ကနေနင့်ခါးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရတဲ့အကြောင်းအရင်းက ‌နွေးထွေးချင်လို့ပဲလား မဟုတ်ရင်နင်နဲ့နီးနီကပ်ကပ်ပို့ရှိချင်လို့ပဲလား ဒါမှမဟုတ် နှစ်ခုလုံးအတွက်လားဆိုတာ မပြောတတ်တော့ဘူး...

ဒါပေမယ့် နင့်လက်နဲ့ယှဉ်ရင် ‌‌ဆိုဒ်အနေအထားတော်တော်သေးတဲ့ ငါ့လက်ကလေးကိုတယုတယဆုတ်ကိုင်းရင် အနမ်းဖွဖွချွေတာလေးကိုသဘောကျတယ်။ ငါ့လက်ဖဝါးတွေမှာ နင့်ပါးအပ်တဲ့အချိန် ပေါက်ခါစမုတ်ဆိတ်မွေးတွေကြောင့် ခပ်စူးစူးဖြစ်တဲ့ အထိအတွေ့ငိုလဲသဘောကျတယ်။

နင့်ခြေထောက်တွေကြား ငါ့ခြေထောက်တွေပစ်တင်ရင်း သက်တောင့်သက်သာရှိခဲ့တဲ့အချိန်တွေကိုလဲသတိရတယ်....။

"ငါ့ကိုအချိန်တစ်ခုပဲပေးပါ အရာအားလုံးရှင်းပြီးရင် နင့်ဆီကို စိတ်သစ်လူသစ်နဲ့လာပါ့မယ်" ဆိုတဲ့ကတိကိုလဲ အခုချိန်ထိယုံပြီးစောင့်နေတုန်း။
အဲ့တစ်ယောက်နဲ့အဆင်ပြေနေတဲ့ပုံစံကို ငါသေချာမြင်နေရတာတောင် နင်ပေးခဲ့တဲ့ခပ်ပေါ့ပေါ့ကတိကိုယုံပြီးစောင့်နေတဲ့ငါက အများအမြင်မှာ ရူးမိုက်လွန်းတာပေါ့...။

စိတ္တဇနွေWhere stories live. Discover now