chapter -1

453 25 2
                                    

သာယာတဲ့မနက်ခင်းမှာ လူအများရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်အောင်လို့ ပြင်ဆင်ထားတဲ့ ဆိုင်လေး ။ ထိုဆိုင်လေးရဲ့ အရမ်းကိုမှ့လှပတဲ့ အပြင်အဆင်များဖြင့် ခင်းကျင်းကာ ပြင်ဆင်ထားပြီး လုံးဝကိုမှ့ပြီးပြည့်စုံတဲ့ ဆိုင်ကလေးအဖြစ် ထိုဒေသတစ်နေရာ၌နာမည်ကြီးလေရဲ့ ။

* I 'm dancing with a stranger ~~~~ *

Sam Smith ရဲ့သီးချင်းလေးကို ‌ထိုဆိုင်လေးရဲ့ အတွင်းဘက် Music boxမှာ ဖွင့်ထားပြီး ဆိုင်ထိုင်သူတွေရဲ့ အကြားအာရုံအား ဘယ်အချိန်ဖွင့်ဖွင့် နားထောင်လို့ ကောင်းနေစဲပေါ့ ။

* အစ်ကိုရေ mochaတစ်ခွက်လောက် *

* ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါနော် ၅မိနစ်အတွင်းရစေရပါ့မယ် *

* ဟုတ်ကဲ့ပါ *

ဆိုင်ထိုင်သူရော မှာစားကြတဲ့သူတွေအတွက်
ထိုဆိုင်လေးက လုံးဝကိုအဆင်ပြေတာပေါ့ ။

* ရပါပြီဗျ *

* ကျေးဇူးတင်ပါတယ်ဗျ *

ဆိုင်ရှင်ကောင်‌ေလးလည်း အပြုံးလှလှလေးဖြင့် စားသုံးသူအား ပြန်လည်ကာ နှုတ်ဆက်ကာ နောက်ဆုံးတော့လည်း ‌သူ့နေရာဖြစ်တဲ့ ကောင်တာကို ပြန်သွားတာပေါ့ ။

* အင်း ညီလေးတစ်ယောက်ရှိပါတယ် အားကိုးရမလားကြည့်တယ် တစ်ကယ်ဘယ်ချောင်ကို တိုးနေသလဲမသိဘူး ဟွန့် နောက်နေ့ကြရင်တော့ ဆူပစ်ရမယ်ဒီကောင်လေးကို အမေရိကန်သူလေးတွေက လက်ရဲဇက်ရဲလေးတွေ တော်ကြာအပြင်မှာ အကဲလွန်ပြီး မဟုတ်တရုတ်တွေနဲ့ တွေ့သွားမှဖြင့် ရင်ကျိုးရမယ်လေ *

အစိုးရိမ်ကြီးလွန်းတဲ့ ဆိုင်ရှင်ကောင်လေးဟာ တစ်လောကလုံးမှာ ညီလေးအတွက် အကောင်းဆုံးအစ်ကိုကြီးအဖရာတစ်ဦးပေါ့ ။

* အစ်ကိုကြီးရေ ပြန်ရောက်ပါပြီဗျ *

* အော် ပြန်ရောက်ပြီပေါ့လေ ပြောစမ်းပါအုံး ညကအိမ်ကိုပြန်မလာရတဲ့ အကြောင်းအရင်းလေး *

* အော် အစ်ကိုကြီးရယ် ကျွန်တော်လည်း ငယ်တော့တာမဟုတ်ပါဘူးနော် ကျွန်တော်အသက်လည်းပြည့်ပြီးပါပြီ *

* အသက်ပြည့်ပြီးပေမဲ့လည်း ငါ့ညီလေးက အစ်ကိုကြီးအတွက်တော့ ကလေးလေးပဲကို *

အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now