chapter -14

100 10 0
                                    

ဒီနေ့တော့ မောင်နဲ့အတူ ကျွန်တော်က လယ်တောအိမ်လေးကနေ ပြန်လာခဲ့တယ်လေ ။ သို့ပေမဲ့ အိမ်ကိုအရင်မပြန်ဘဲ တရားရုံကိုသွားတယ် ဒီမှာကလိင်တူလက်ထပ်တာကို ခွင့်ပြုထားတယ် ဆိုပေမဲ့လည်း
ကျွန်တော်ရဲ့ စိတ်အလိုကျမောင်က မင်ဂလာပွဲကိုခမ်းခမ်းနားနား  မကျင်းပပေးတော့ဘူးလေ ။

အဲ့တာကြောင့်လည်း မောင်နဲ့ညကစကားများကြသေးတာပေါ့ ။

* ကဲအခုဆိုရင် နှစ်ယောက်သားက အကြင်အိမ်ထောင်သည်ဘဝကို ရောက်သွားကြပြီဆိုတော့ ဆိုး‌တိုင်ပင် ကောင်းတိုင်ပင်ရှိကြပါစေ ပြီးတော့
အိုအောင်မင်းအောင်လည်း ပေါင်းသင်းနိုင်ပါစေလို့ အစ်မက ဆုတောင်းပေးပါတယ် *

* ဟုတ်ကဲ့အစ်မ ပေးတဲ့ဆုနဲ့ပြည့်ပါစေ " *

နှစ်ယောက်စလုံး အိမ်ထောင်စုစာရင်းသွားတင်ပြီးတော့ ပြန်လာခဲ့တာပေါ့ ။ ကားပေါ်တွင်လည်း

* အစ်ကိုကို စကားမပြောတော့ဘူးလား မောင် *

* အစ်ကိုပဲ စကားမပြောနဲ့ဆို အကယ်လို့စကားလာပြောရင် မောင့်ကိုအသားတောင် လာမထိနဲ့ဆို *

* ဟော် အဲ့တာကစိတ်ဆိုးလို့ ပြောတာလေ မောင်ရဲ့ ပြီးတော့ မောင်ကိုအစ်ကိုက သေချာနားဝင်အောင် ပြောပြတယ်လေ အစ်ကိုကလူများတာကို မကြိုက်ဘူး မင်ဂလာဆောင်တာ အသိအနည်းငယ်လောက်နဲ့ လုပ်လည်းရပါတယ် ။

ဒါပေမဲ့အစ်ကိုရဲ့ ဗီဇကိုကလူများတဲ့ပွဲတွေဆိုရင် သိပ်မသွားဖြစ်တာ အဲ့တာကြောင့် အစ်ကိုက မောင့်ကိုနှစ်‌ယောက်သား တရားသူကြီးရှေ့မှာပဲ အတူတူလက်ထပ်မယ်လို့ပြောတာပေါ့ ။

* ဒါပေမဲ့မောင်က အစ်ကို့ကို ခမ်းခမ်းနားနားနဲ့ *

* ကဲ့ပါလိမ်မာပါတယ်ကွာ နော် မောင်သိလား ခမ်းခမ်းနားနားနဲ့ မင်ဂလာဆောင်မှ့ အိမ်ထောင်
တစ်ခုကအထမြောက်တာ မဟုတ်ဘူး ခမ်းခမ်းနားနားမဟုတ်လည်း အိမ်ထောင်တစ်ခုက တည်ထောင်လို့ရတယ် အစ်ကိုကအဲ့လို ခမ်းနာမှုတွေဆိုတဲ့ ပကာသနတွေကို မလိုအပ်ဘူး အစ်ကိုအနားမှာမောင်ဆိုတဲ့ အစ်ကိုခိုနားရာ ရပ်ဝန်းလေးရှိနေရင်ရပြီ အစ်ကိုပြောတာ သဘောပေါက်တယ်ဟုတ် *

အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now