chapter -11

143 13 0
                                    

သာယာတဲ့ Miamiလယ်ယာတွေရှိတဲ့ဘက်ကို မောင်နဲ့အတူနှစ်ယောက်သား ခရီးဆက်ခဲ့ကြတယ် ။ မောင်ဟာလည်း အလုပ်တွေအပြီးသတ်နိုင်ခဲ့လို့
အားလပ်ရက်လေး ရလာတာဖြစ်သလို ကျွန်တော်ကလည်း ဆိုင်ကိုညီလေးနဲ့အတူတူ ထားခဲ့ကာ မောင်နဲ့အတူ အလည်အပတ် ခရီးစဉ်ကို စတင်ခဲ့တာပေါ့ ။

* အစ်ကို ပင်ပန်းနေပြီလား *

* ဟင့်အင်းမပင်ပန်းပါဘူး မောင်ရဲ့ ပြီးတော့ပင်ပန်းရကြေးဆိုရင် မောင်ကတောင် ပိုပြီးတော့ပင်ပန်းအုံးမှာလေ မဟုတ်လား တစ်ညလုံးကားမောင်းလာရတာလေ *

* မောင်က ဒီလောက်ခရီးကိုတော့ စာမဖွဲ့တော့ပါဘူးကွာ ဒါပေမဲ့မောင်က အစ်ကိုပင်ပန်းမှာကြောက်နေတာ သိတဲ့မနေ့ညကြလည်း မောင်နဲ့အတူတူ နေပေးထားသေးတော‌့လေ *

* ဟာမောင်ကလည်း ရှက်စရာကြီးကို ခဏခဏမပြောပါနဲ့ *

* အဟား မောင်ကချစ်လို့စတာပါဗျာ ပြီးတော့မောင်တို့ကချစ်သူတွေလေ ဒီလိုအတူတူနေတာက ရှက်စရာမှမဟုတ်တာပဲကို *

* ဟာ မသိဘူးသွား ရှက်တာက ရှက်တာပဲ *

* အဟားဟား ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ မောင်မစတော့ပါဘူး *

အဲ့လိုနဲ့မောင်နဲ့အတူ အေးချမ်းလွန်းလှတဲ့ လယ်တောလေးတွေ ရှိတဲ့ဘက်ကို ကျွန်တော်သွားဖြစ်ခဲ့တယ် ။ အင်းLAမှာ မွေးထဲက နေလာတာကြာပြီဖြစ်တဲ့ ကျွန်တော်က LAရဲ့ Miamiလယ်တောအကြောင်းကို နည်းနည်း‌ေလးတောင် မသိတဲ့အပြင် မောင့်လို ကိုရီးယားဖွားလေးက ဒီ‌လယ်တောလေးအကြောင်းကို သိတာကြောင့် ကျွန်တော်ဖြင့် ကိုယ့်ကိုကိုယ်ညံနေတယ်လို့တောင် ထင်မိသွားတယ်

* အစ်ကိုရေ ရောက်ပြီဆင်းတော့ *

* ဝါး မောင်တစ်ကယ်ကြီး လှလိုက်တာကြည့်ပါအုံး ပန်းပင်လေးတွေရော ပြီ‌းတော့ အိမ်လေးရောပဲ မောင်ငှားထားတာလား *

* ဝါး မောင်တစ်ကယ်ကြီး လှလိုက်တာကြည့်ပါအုံး ပန်းပင်လေးတွေရော ပြီ‌းတော့ အိမ်လေးရောပဲ မောင်ငှားထားတာလား *

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now