မြတ်နိုးမှုများ၏အခြားတစ်ဖက် - ၆ -
.
.
.
.
...................
မြူနှင်းများဝေနေ၍ အေးစက်မှုအတိ၊
နွေးထွေးမှုဆိုတာ တစ်စက်မှရှိမနေသည့် မြို့အစွန်အား စွန့်ခွာ၍ မြို့ထဲရှိရာသို့ တရွေ့ရွေ့ဦးတည်လာတဲ့ ချင်းယိဂိုဏ်းတော်ကြီး၏ကိုယ်စားလှယ်များ...။
ရှောင်ပိုင်မိုသည် ရှောင်ထျန်းတို့နှင့်တောင် မရောဘဲ တသီးတသန့် နောက်ဆုံးမှလိုက်လာသည်။
ထိုအချင်းအရာကို ဆရာသခင်က မည်သို့မျှမပြော၊ အချစ်ဆုံးဆရာတပည့်နှစ်ယောက် ကတောက်ကဆဖြစ်ထားသည့်အခါ ကြားလူများပါ အနေကြပ်ရသည်။
ဆရာသခင်သည် မသိမသာအနောက်ကို လှည့်ကြည့်နေသည်အား ရိပေါ်သတိထားမိပါသည်။
တခါတလေများ ဆရာသခင်ကို နားကိုမလည်နိုင်တော့ဘူး...
ညကကျ အော်တယ် အခုတော့ စိတ်ပူသလို လှည့်လှည့်ကြည့်နေတယ်..
ခင်များကြီးဘာဖြစ်ချင်နေတာလဲ ရှောင်းကျန့်ရာ...!!
ရိပေါ် ဆရာသခင်အားလျစ်လျူရှု၍ ညက အဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်သည်။
ရိပေါ် ဆရာသခင်ကို စိတ်တိုတိုနဲ့လျှောက်သွားပစ်လိုက်တော့ နတ်ဆိုးနဲ့ကဝေစပ်မွေးထားတဲ့ သားရဲတစ်ကောင်နဲ့ တိုးသည်။
အန္တရာယ်ပေးမည့်ပုံမပေါက်တာမို့ လွှတ်ပေးထားလိုက်ပေမဲ့ ရန်လာစသည်မို့ နှစ်ချက်လောက်ပညာပေးလိုက်တော့ သကောင့်သားက အငြိမ်သား..။
ဒါဝောင် သူ့မိခင်ဆိုသူက အချိန်မီတားဆီးခဲ့လိုသာ ရပ်ခဲ့ခြင်း။
သူများကိုသတ်ဖို့စိတ်မပါသည်မို့ ဒီတိုင်းပစ်ထားခဲ့ပေမဲ့ အတင်းတွေကျေးဇူးဆပ်ချင်နေတဲ့ ကဝေမကြီးက သူ့ကို စကားတစ်ခွန်းလက်ဆောင်ပေးလိုက်သည်။
ဝိဉာဉ်ခွဲခြင်းအတက်ပညာ ကျမ်းစာသည် တိလျှန်းမူရဲ့ဗဟိုချက်ဖြစ်ပြီး အတိတ်ရဲ့မီးလျံကြားမှာ ရှာဖွေကြည့် ..မင်းတစ်ချိန်ချိန်မှာ အသုံးဝင်နိုင်မှာပေါ့တဲ့...
ESTÁS LEYENDO
မြတ်နိုးမှုများ၏အခြားတစ်ဖက် [ 𝐙 𝐒 𝐖 𝐖 ] [ COMPLETED]
FanficHello Holaaa..!! အလုပ်သွားလျှောက်ရင်း ကြောင်လေးတစ်ကောင်နဲ့တွေ့လို့ လိုက်ဖမ်းတဲ့ ဝမ်ရိပေါ် စောက်ကျိုးနည်းကြောင်က သူ့ကို တခြားကမ္ဘာကိုခေါ်သွားတဲ့အခါ.. အိတုံပေါ်တိ ဘယ်လိုတွေ ကြုံရမှာလဲ အဲ့ဒီကမ္ဘာမှာ ဘယ်လိုရှင်သန်သွားမလဲဆိုတာ ကြည့်ကြရအောင် " - မြတ...