🤚Chapter 34
အန်းနဉ်က အချိန်ကို ကြည့်ကာ ပြန်ကြရန် အကြံပြုသည်။ ထို့နောက် အဝတ်အစားသွားလဲပြီး အပြင်ထွက်လာသည်။
"မနက်စာ အတူတူစားကြရအောင်…"
ဝမ်ယွီက ပြောသည်။အန်းနဉ်က ငြင်းလိုက်သည်။
“အားလပ်ရက်ရတုန်းလေးပဲ အဖွားအတွက် ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးနိုင်တာ…”"ဒါဆို ကိုယ်လည်း လိုက်ကူပေးမယ်လေ…"
ဝမ်ယွီက သူမအိမ်၌ ထမင်းတစ်နပ် ကပ်စားရန် ကြံရွယ်နေသည်။
သို့သော်ငြားလည်း အငြင်းခံလိုက်ရဆဲပင်။
"မရဘူး..."
သူက ဆက်ပြောချင်နေပုံရသည်။
"မေ့လိုက်ပါတော့... အိမ်မှာ လူနာရှိနေလို့ တစ်ယောက်ယောက်ကို ထမင်းစားဖိတ်ဖို့ တကယ်အဆင်မပြေဘူး…"
သူမ၏ လေသံက ဝတ်ကျေတမ်းကျေပုံစံမျိုး မဟုတ်ဘဲ ရိုးသားသည်။ အကြောင်းရင်းမှာ သူမအဖွားက အိမ်သာရေဆွဲမချတတ်၍ အိမ်တွင် အနံ့အသက်များ ရှိနေတတ်သည်။ ထိုအခါတွင် ဝမ်ယွီအနေနှင့် တစ်လုတ်မှ စားဝင်လိမ့်မည်မဟုတ်ပေ။
ဝမ်ယွီက လက်လျှော့လိုက်ရန် မလိုလားသော်လည်း ဝန်လေးစွာနှင့် လက်ခံလိုက်သည်။
“ဝတ်စုံတွေ ပြန်ယူသွားဖို့မမေ့နဲ့နော်…”
အန်းနဉ်က တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။
"ဒီတစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ နောက်ဆို ကျွန်မအတွက် မဝယ်ပါနဲ့… ရှင်ပြောချင်တာကို ကျွန်မနားလည်ပါတယ်… ကျွန်မဘာသာ ဝယ်လိုက်ပါမယ်…"
အန်းနဉ်၏ တီရှပ်များမှာ တင်းကျပ်ပြီး သူမကိုယ်နှင့် ကပ်ရပ်နေသည်။ ယခင်ဘဝတွင် စွန်းယာရှန့်က ၎င်းနှင့်ပတ်သတ်ပြီး လှောင်ပြောင်ခဲ့သည်။
"နင်က နေ့တိုင်း sexyကျကျ ဝတ်စားနေတာပဲ… ဘာတွေဇာတ်လမ်းဆင်ဖို့ ကြိုးစားနေတာလဲ…"
အန်းနဉ်၏အဝတ်အစားများက သာမန်ပုံစံ ဆိုသော်လည်း sizeသေးနေ၍ ကိုယ်ကို ကပ်နေကာ sexyကျသည့် vibeမျိုးပေးနေသည်။