Part-9
~~~~~~" ဟျောင့် မင်းတို့အခြေအနေ..."
ဆရာမ မလာသေးလို့ရောင့်တက်ရာရာစကားပြောရာမှ ကိုဖြိုးရဲ့အမေးကြောင့်..
" ဒီလိုပါဘဲကွာ.. အော် မင်းတို့နှစ်ကောင်ကိုပြောထားရအုန်းမယ် ငါ့ခလေးနဲ့လိုတာထက်ပိုမပတ်သက်နဲ့ အထူးသဖြင့် အာကာ မင်း ခုနက ခလေးက မင်းနဲ့ကျ စကားပြောနေလိုက်တာ ငယ်ပေါင်းကြီးဖော်လို ငါ့ကျတော့ ကြောက်သလိုနဲ့ ကျစ်... အနုရောအကြမ်းရော သုံးထားရတယ်.. "
"အေးပါကွာ မင်းကလည်း ငါက ငါ့ညမလေးတစ်ယောက်လိုခင်လို့ပါကွ မင်းခလေးကိုယောင်လို့တောင် မထိရဲပါဘူး "
" sky မင်းခလေးက ငယ်သေးတယ်ကွ အတင်းအကြပ်သွားမလုပ်နဲ့ မင်းစိတ်ကိုသိသားနဲ့ အကြမ်းဆို မင်းခလေးက မင်းကို ကြောက်ဘဲကြောက်နေမှာ "
ကိုဖြိုးရဲ့အပြောလည်းဟုတ်သည်။တစ်ခုခုဆို ခလေးကိုအကြမ်းနဲ့မရ အနုနည်းနဲ့ချော့ပြောရမည်ဆိုတာကိုခလေးနဲ့ စကားပြောခဲ့ရသလောက် သိခဲ့ရသည်။
" ကိုဖြိုးပြောတာဟုတ်တယ် မင်းစိတ်ကနဂိုတည်းက လက်တစ်ဆစ်နဲ့ မင်းခလေးကအချော့ကြိုက်လေးကွ "
"အေးပါကွာ မင်းတို့ကလည်း ခလေးနဲ့ဆို ငါ့စိတ်ကိုလျှော့ထားပါတယ် မင်းတို့လည်းသိတယ်လေ ငါလိုချင်တဲ့မေတ္တာ အချစ် ဂရုဏာတွေကို ခလေးဆီကတော့တကယ်လိုချင်မိတယ် "
"ရမှာပါကွာ ညမလေးနဲ့စကားပြောရသလောက် သူတစ်ပါးကို ဖော်ရွေတယ် သဘောကောင်းမနောကောင်းလေး ဟဲဟဲ "
ကိုဖြိုးအာကာကိုမတားတော့ပေ ဝေးဝေးသာရှောင်ထွက်လိုက်သည်။
" ပြောနေရင်းကို.... "
"အားး ကယ်ကြပါအုန်း ဒီမှာ လိုက်လုပ်နေလို့ဗျို့... "
အတန်းထဲက သူတွေလည်းskyရဲ့ ရုပ်တည်ခြင်းကိုဘဲ မြင်ခဲ့ရတာ ခုလို
ပေါ့ပေါ့ပါးပါး ပုံစံလေးမမြင်ဖူးလို့ ကြည့်သူကကြည့် ရီသူကရီနဲ့ အတန်းတစ်ခုလုံးဆူညံနေလေရဲ့။"ဟားး ဟားး"
"ဟီးး..ဟီးး"
" မိရင်တွေ့မယ် ဟမ် ငါ့ခလေးကိုပြောချင်အုန်း "
YOU ARE READING
Unlimited Love
Romance💙 ကျောင်းသားဘဝလေး ပထမဆုံးရေးသားခြင်းဖြစ်ပါတယ် စာရေးသူလုံးဝမဟုတ်ပါဘူးနော် ကိုယ်ဖတ်ချင်တဲ့ပုံစံလေး ကောက်ရေးတာပါ တခြားficတွေနဲ့တူခဲ့သည်ရှိသော် နားလည်ပေးပါ copyတို့ တခြားficတေထဲက ကူးယူတာတို့မဟုတ်ရပါဘူးနော် ကြိုပြောထားတာပါနော် ကိုယ်ဖတ်ချင်တဲ့ပုံစံကို လက...