Chapter-2

60 4 0
                                    

Unicode
တီ...တီ..

အိမ်ရှေ့ကကားဟွန်းတီးသံကြောင့်ဇိုင်းအိမ်ထဲကနေထွက်လာကာခြံတံခါးဆွဲဖွင့်ပေးလိုက်သည်။ကောင်းစစ်နေကားပေါ်မှဆင်းပြီးအိမ်ထဲသို့ဝင်ကာဆိုဖာပေါ်စိတ်ပျက်ပျက်နဲ့ဝင်ထိုင်သည်။ဇိုင်း ကောင်းစစ်နေဘေးနားဝင်ထိုင်ကာစကားစလိုက်သည်။

"ဘာဖြစ်လာတာလဲ နေနေ...အဆင်ပြေရဲ့လား"

"မပြေဘူး..ဇိုင်း..ငါအခုတော်တော်လေးစိတ်ညစ်နေတယ်"

ကောင်းစစ်နေခေါင်းလည်းကိုက်လာတာကြောင့်သူ့လက်နဲ့ခေါင်းကိုနှိမ့်ရင်းပြောသည်။

"နေနေ..ခေါင်းကိုက်နေတာလား လာနှိမ့်ပေးမယ်...တစ်ခုခုဖြစ်ရင်လည်းပြောပါနေနေ...မင်းနဲ့ငါကချစ်သူတွေမလား..
အေးတူပူအမျှပေါ့..ဘာဖြစ်လာတာလဲပြောပြနိုင်မလား"

"ဟူးးးး"

ကောင်းစစ်နေ လေပူတစ်ချက်မှုတ်ထုတ်လာပြီးပြောလာသည်။

"ဇိုင်း...ငါ...ငါ့ဖေဖေ..နောက်မိန်းမယူတော့မယ်..."

"ဟင်...ဦးကဦးကနောက်မိန်းမယူတော့မယ်ဟုတ်လား"

ဇိုင်းမျက်လုံးပြူးကာမေးသည်။

"အင်းးးပြီးတော့​ေဖဖေယူမယ့်​မိန်းမက​ေဖဖေထက်၂နှစ်ငယ်တယ်...ဖေဖေ့ရဲ့ငယ်ရည်းစားလို့လဲပြောတယ်....ငါ...ငါလက်မခံနိုင်ဘူး...ဇိုင်း....ငါ့အမေနေရာကိုဘယ်သူမှအစားမထိုးနိုင်ဘူး...ဇိုင်းရယ်"

ကောင်းစစ်နေငိုရင်းနဲ့ပြောနေသည်။ဇိုင်းလည်းသူ့အားပွေ့ဖက်ကာအားပေးစကားပြောသည်။

"ဘာမှမဖြစ်နဲ့..နေနေ..ငါမင်းဘေးနားမှာရှိတယ်...နေနေ့နားမှာဘယ်သူမှမရှိတော့ရင်တောင်ငါရှိတယ်နော်...ဦးကတစ်ပင်လဲလို့တစ်ပင်ထူတာပဲလေ...ဒါကိုနားလည်ပေးလိုက်ပါ..."

"ဟင့်အင်း...ငါလက်မခံပေးနိုင်ဘူး..ဖေဖေယူမယ့်မိန်းမက..ငါညီမလေးကိုနှိမ့်ဆင်ရင်ဘယ်လိုလုပ်မလဲ...ပီးတော့..ဖေဖေ့ကိုယူပီးမှစိတ်ဆင်းရဲအောင်လုပ်ရင်ဘယ်လိုလုပ်မလဲဇိုင်း...ဟမ်ပြောပါဦး"

ကောင်းစစ်နေပြောရင်းဒေါသထွက်လာသည်။နောက်မိန်းမယူမယ်လို့စဥ်းစားလိုက်တိုင်းရင်ထဲကနာသည်။မေမေ့ကိုလည်းသတိရလာတည်။

The last man or the last love Where stories live. Discover now