Chapter-3

96 6 0
                                    

Unicode
"ဇိုင်း...."

"ဗျာ..."

"ဘာတွေတွေးနေတာလဲ...ငါ့ကိုကြည့်ပီး"

"ဟင်း...နေနေနဲ့တွေ့ခဲ့တဲ့အကြောင်းတွေလေပြန်တွေးကြည့်တော့ငါတို့နှစ်ယောက်တော်တော်ကိုချစ်ခဲ့ကြတာပဲ"

"ဟား...ဟား...ဇိုင်းရယ်..အဲတုန်းကမင်းငါ့ကိုလူမှားပြီးဆဲတာလေ...အဲတာကောမှတ်မိသေးလား"

"မှတ်မိတာပေါ့...နေနေလည်းအဲတုန်ကပြန်ဆဲခဲ့တာပဲလေ...ငါ့ကိုဆဲနည်းပေါင်းဆုံနဲ့..."

"ဟား...ဟား..."

နှစ်ယောက်သားအရင်ကအကြောင်းတွေပြန်ပြောရင်းရယ်မိကြပါသေးသည်။မနက်ခင်းလေးကတော့အိပ်ခန်းထဲတွင်သူတို့နှစ်ယောက်ရယ်သံနဲ့စိုပြေနေသည်။

ဇိုင်းနှင့်နေနေမနက်စာစားနေရင်းအိမ်ရှေ့မှ ဘဲလ်တီးသံထွက်ပေါ်လာသည်။

တီး...တောင်...

တီး....တောင်

"ဘယ်သူလဲမသိဘူးသွားဖွင့်လိုက်ဦးမယ်"

ဇိုင်းအိမ်ရှေ့ကတစ်ခါးကိုသွားဖွင့်လိုက်တော့အိမ်ရှေ့တွင်ရပ်နေသောလူကိုတွေ့လိုက်သည်။

"ဟာ...ကိုရဝေ...ဘယ်တုန်းကရောက်တာလဲ...လာလာအထဲဝင်..နေနေလဲရှိတယ်..."

ရဝေသော်အိမ်ထဲသို့ဝင်လိုက်ပြီးနေနေ့ကိုပြုံးပြလိုက်သည်။နေနေလဲတွေ့တွေ့ချင်းပဲဝမ်းသာအားရနဲ့ရဝေသော်ကိုပြေးဖက်လိုက်သည်။

"ကိုရဝေဘယ်တုန်းကရောက်တာလဲ...အန်တီတို့နှင့်သွားတွေ့တာဆို"

"မနေ့ညကမှပြန်ရောက်တာ...ဟိုမှာကသိရဲ့သားနဲ့နေရတာသိပ်အဆင်မပြေဘူး...ဟိုလည်းရောက်ရောအမေကစစ်သေနတ်ပစ်တဲ့အတိုင်းပြောတာဆိုတာ......."

"ဟင်း...အန်တီကလည်းအခုထိဇွဲမလျော့ဘူးနော်...နှစ်တွေလည်းဒီလောက်ကြာပီကို..."

"ဟုတ်တယ်ဇိုင်းရေ....အကိုလဲပြောပါတယ်...မြတ်ကလူကောင်းလူမွန်ပါလို့ပြီးတော့ကျွန်တော်တို့အိမ်ထောင်သက်တမ်းကလည်း၈နှစ်ရှိတော့မယ်...အမေတို့သားတို့ကိုလက်မခံသေးဘူးလား..ဆိုပြီးတော့လေ.....အမေကကိုကလက်မခံနိုင်ဖြစ်နေတာ...ဒီမှာနေပြီးဒီနိုင်ငံသားအဖြစ်ခံယူလိုက်တဲ့...ပြီးတော့သားအလုပ်အကိုင်အရည်အချင်းနဲ့မိန်းမကောင်းကောင်းရနိုင်တယ်တဲ့လေ...ဟူးး..."

The last man or the last love Where stories live. Discover now