အပိုင်း24

1K 64 13
                                        

နေရောင်ခြည်အလင်းကမျက်နှာပေါ်ကိုစူးရှကျရောက်လာတာနဲ့အတူချစ်ရသူရင်ခွင်ကျယ်ကျယ်ထဲမှာနိုးထလာ‌ေတာ့သည်မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်တော့မြင်လိုက်တဲ့မျက်နှာချောချောလေးကခနတာငေးကြည့်မိသည်ပြီးတော့လက်ချောင်းသွယ်သွယ်လေးနဲ့မနိုးသေးတဲ့သူမျက်နှာပေါ်ကိုလျှောက်ကစားလေသည်။

"ဒီမျက်ခုံထူထူလေးဒီမျက်လုံးလှလှလေးဒီနှာခေါင်းချွန်ချွန်လေးဒီနှုတ်ခမ်းပါးပါးလေးဒီမျက်နှာချောချောလေးတဲ့သူကငါ့ကောင်လေးဖြစ်တယ်တဲ့...အဟီးးး"

မျက်နှာတစ်ပြင်လုံးကိုလက်ချောင်းလေးနဲ့လိုက်ကစားပြီးပြောမိတော့သည်။မထင်ထားမိဘူးချစ်ရသူနဲ့ဒီလိုအချိန်မျိုးရှိလာမယ်ဆိုတာချစ်ရသူနဲ့ဒီလိုအချိန်မျိုးကိုဘယ်လောက်တော့ကြည်နူးနွေးထွေးလဲနော်အဲဒါရီးစားရှိတယ်သူပဲသိမှာပါ။(မာမီတို့မှာဘာအပြစ်ရှိလဲ🤧)

"ကြည့်လို့ဝပြီးလာ"

"ဟင်း"ထွက်လာတဲ့သူအသံကြောင့်လန့်ပါလန်သွားတယ်။

"ဘာလဲ ကိုယ်ကကြည့်လို့ဝပြီးလာလို့မေးတာပဲဒီကဘေဘီဘာတွင်လန့်နေလဲ"

"ဟွန့်....လူလည်ကြီးးးနိုးတာလဲမပြောဘူး"နှုတ်ခမ်းဆူနဲ့ပြောလာတဲ့ခလေးကိုအရမ်းချစ်စရာကောင်းလို့နှုတ်ခမ်းလေးကိုဖက်ခနဲ့နမ်းလိုက်တော့သူ့ကိုမျက်စောင်းလှလှလေးနဲ့ထိုးလာတယ်။

"ကိုယ်ကဘေဘီရဲ့ချစ်စရာကောင်းမှုကိုခံစားနေလို့ပေါ့"

"သွားမတိုက်ရသေးပဲနဲ့ ဘာလို့လာနမ်းတာလဲ"မျက်မှော်ကြုတ်နဲ့နှုတ်ခမ်းမပါလက်ချောင်းလေးနဲ့ကိုင်ပြီးပြောလာတဲ့ခလေးလေးသူ့ရင်ဘတ်ပါဖွဖွလေးထုသေးတယ်လူကိုအသဲယားအောင်လုပ်နေတာပဲဒီခလေးက။

"ချစ်ဖို့ကောင်းလို့ အသဲယားလို့လေဒီနှုတ်ခမ်း‌မလေးကနမ်းလေငမ့်လေပဲဘယ်တော့မှနမ်းမဝဘူး ထပ်နမ်းချင်သေးတယ်"

"Gem ‌တော်ပြီး...မလုပ်နဲ့တော့မျက်နှာသွားသစ်ရအောင်"သူ့အနမ်းကိုမခံပဲသူ့မျက်နှာကိုလက်ဖဝါးသေးသေးလေးနဲ့တွန်းလေသည်။

"ခနလေး ဘေဘီ တစ်ခါတည်ပဲ နော်....နော်.."

"ဟင်းအင်းးးမရဘူးးးသွားးး"

gemini fourth ☀️🌻Donde viven las historias. Descúbrelo ahora