ဟိုဆော့ဂျူတီပြီးတာနဲ့ အိမ်ကိုတန်းပြန်ရန်
ကားကို ခပ်သွက်သွက်မောင်းကာလာခဲ့သည်။
ဒီချိန်ဆို ကောင်လေးကျွန်တော့်ကို စောင့်နေလောက်ပြီ။
ဒီနေ့နဲ့ဆို ကောင်လေးနဲ့ ရင်းနီးလာတာ
တစ်လကျော်ပြီ။ အခုတောင် မနက်ပိုင်းဂျူတီရှိလို့ နှုတ်မဆက်ခဲ့ရဘူး။ ဟိုတစ်ခါကဆို ဆေးရုံမှာ လူနာတွေအရမ်းကျလို့ အိမ်လည်းမပြန်ဖြစ်သလို ကောင်လေးစီလည်းတစ်နေကုန်မသွားဖြစ်ဘူး။ အဲ့တုန်းကဆို ကောင်လေးက တစ်နေကုန်ထမင်းမစားဘဲ ကျွန်တော့်ကိုစောင့်နေတာတဲ့လေ။ အဲ့ကောင်လေးက ကျွန်တော့်ကို သိပ်ခင်တွယ်ရှာတာရယ်"အကို....
အကိုရောက်လာပြီ"ပြတင်းပေါက်ကနေ ဟိုဆော့ပြန်လာတာကို
စောင့်နေတဲ့ ထိုကောင်လေးဟာ ဟိုဘက်ခြံကနေ
ဟိုဆော့ရဲ့ကားကိုမြင်တဲ့အခါ မျက်နှာလေးလန်း
လာသည်။"မေမေရေ....မေမေ့
ခနနေအကိုလာတော့မှာ
တစ်ခုခုလေး ပြင်ခိုင်းလိုက်ပါအုံး""အမလေး
မေမေ့သားကလေ ဟိုဆော့လာတာနဲ့
ချက်ချင်းကိုပြောင်းလဲသွားတာနော်""မေမေကလည်း"
"မေမေကလည်းလုပ်မနေနဲ့
ရေချိုးတော့
ဟိုဆော့လေးက အသန့်ကြိုက်တာ
သိတယ်ဟုတ်""ဟုတ်ကဲ့မေမေ"
.
.
.
ခနကြာတော့ မေမေနဲ့ အကိုစကား
ပြောသံကို ကြားနေရသည်။ သေချာပါတယ် မေမေက ကျွန်တော်ဆိုးကြောင်း
တွေကို အကို့ကို တိုင်နေပြီနေမှာ"အခုမှရေချိုးပြီးတာလား"
ဆံပင်မှ ရေစက်တစ်ချို့ တွဲခိုနေတာကို
ကြည့်ပြီး ဟိုဆော့ခပ်စစဆိုလိုက်သည်။
ကိုယ့်ဘာသာကိုယ်လည်း ပြီးပြတ်အောင်
မလုပ်နိုင် သူများကလုပ်ပေးပြန်တော့လည်း
စိတ်ဆိုးတဲ့ထိုကောင်လေးက ကျွန်တော်ကလွဲပြီး
တစ်ခြားသူတွေဆို ဘုကလန့်တိုက်သေးတာ"ခေါင်းကို ပြောင်အောင်သုတ်မှပေါ့
ညနေလောက်ရောက်ရင် ရေမချိုးနဲ့တော့
ခြေထောက်ဖြစ်ထားတဲ့သူက ရေချိုး
ဆင်ခြင်ရတယ်""ဟုတ်
နောက်မလုပ်တော့ပါဘူး"နီးစပ်ရာ တစ်ပတ်တစ်ထည်ကိုယူပြီး
ဂျီမင်ရဲ့ခေါင်းကို တယုတယ သုတ်ပေးတော့
ငြိမ်ခံနေရတဲ့သူအဖို့ ရင်ခုန်နှုန်းဟာ သာမာန်
ထက်ကို ပြင်းထန်လာသည်။ ကိုယ်တိုင်ကလည်း
ထိုဂရုစိုက်မှုတွေကို သဘောကျနေသူမို့ ဘာမှ
မပြောဘဲ ငြိမ်ခံနေမိသည်
