2

170 38 4
                                    

ကျွန်တော် အရှေ့ကနေ ဦးဆောင်လျှောက်လာခဲ့သည့် လမ်းနောက် ကောင်လေးကလည်း တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
နှစ်ထပ်အိမ်လေးရှေ့မှာရပ်လိုက်ပြီး အိမ်တံခါးသော့ကို အိတ်ထဲမှထုတ်ယူကာ ဖွင့်လိုက်သည်။ အိမ်အဝမှာတင်ရှိနေသော မီးချောင်းခလုတ်ကို ဖွင့်လိုက်တော့ သစ်သားခုံတန်းရှည်နှင့် စားပွဲတစ်လုံးမှအပ ရှင်းလင်းနေသည့် အိမ်ခန်းကို မြင်လိုက်ရသည်။ အိမ်ပြန်လာတိုင်း အသားကျနေခဲ့သည့် ခြောက်ကပ်ကပ်မြင်ကွင်းက ယခုတော့ သက်ဝင်လှုပ်ရှားမှုရှိတော့မည်ဆိုသည့်စိတ်ကြောင့် ကျွန်တော့်ရဲ့ ထိုင်းမှိုင်းနေသောစိတ်ကို အနည်းငယ်ကြည်လင်လာစေသည်။

"မင်းနေရမှာ ဒီနေရာ"

ကောင်လေးက အိမ်ကိုစူးစူးစမ်းစမ်းလုပ်နေရင်းကနေ ကျွန်တော့်ဘက် ပြန်လှည့်ကြည့်သည်။ ကောင်လေးရဲ့ပုံစံကြည့်ရတာ တစ်ခုခုပြောချင်ပြီး တွန့်ဆုတ်နေသည့်ပုံစံဖြစ်နေတာကြောင့် သူ့ဘက်ကနေ စကားလမ်းကြောင်းဖွင့်ပေးရသည်။

"ပြောစရာရှိတာပြောပါ အားမနာနဲ့"

"ဟို....အိမ်က အရမ်းကောင်းနေတော့
အိမ်လခက ဘယ်လောက်လဲမသိဘူး
ကျွန်တော်က ကျောင်းသားဆိုတော့ အိမ်တစ်ထပ်လုံးငှားဖို့ မတတ်နိုင်ပါဘူး
ဒီအတိုင်း ကျောတစ်ခင်းစာ နေရာရရင်...."

"ကျောတစ်ခင်းစာပဲပေး မင်းအဆင်ပြေသလောက်
အောက်ထပ် တစ်ထပ်လုံး မင်းနေလို့ရတယ်"

"ဗျာ..."

"တစ်ခုပဲ...လူအပိုထပ်မခေါ်နဲ့
လူရှုပ်တာ ကိုယ်မကြိုက်ဘူး"

"ဒါပေမဲ့ အခန်းက အရမ်းကြီး..."

"ငါ့ကို ကူညီတယ်လို့ သဘောထားပြီးနေလိုက်ပါ
အခန်းခကတော့ မင်းအဆင်ပြေသလိုပေးပေါ့"

ကောင်လေးက သူ့ကို နားမလည်သလို အကြည့်နဲ့ ကြည့်နေပေမဲ့ ခဏတွင်းမှာပဲ မျက်ဝန်းတွေအထိပါ အပြုံးတွေပြည့်သွားရင်း ခေါင်းငြိမ့်ပြသည်။

"ကျေးဇူးတင်ပါတယ်...ကျွန်တော်...ခင်ဗျားအနှောက်အယှက်မဖြစ်အောင် နေပါ့မယ်
အချိန်ပိုင်း အလုပ်လည်း မြန်မြန်ရှာပြီး အခန်းခပေးပါ့မယ်"

期待Where stories live. Discover now