𝐓𝐰𝐨 𝐒𝐭𝐫𝐚𝐧𝐠𝐞𝐫𝐬

155 24 10
                                    

Tokyo လေဆိပ်ကို ခြေချလိုက်တာနဲ့ နွေဦးဆာကူရာတွေရဲ့သင်းရနံ့ကို Felix တစ်၀ကြီးရှုရှိုက်လိုက်မိတယ်။ လွတ်လပ်ခြင်းဆိုတဲ့ခံစားချက်ကဒီလိုမျိုးပါလား။

"ဒီမှာ ဒီမှာ မဟုတ်မှ လူလေးနာမည်က Felix လား"

ကိုရီးယားလေသံဝဲဝဲဖြင့်အဖွားတစ်ယောက်ကသူ့နာမည်ပါတဲ့ကတ်ထူပြားကိုကိုင်ထားကာသူ့အားအချိုသာဆုံးပြုံးပြနေလေသည်။ ဒီအပြုံးတွေကိုသူမှတ်မိနေပါတယ် ဟိုးရင်ဘတ်အတွင်းထဲကအထိပေါ့။

"အဘွား"

Felix ထိုအဘွားအိုအားပြေးဖက်လိုက်ကာပျော်ရွှင်မှုမည်တဲ့မျက်ရည်စတစ်ချို့ဟာလည်းကျလာတော့တယ်။ အနည်းဆုံးတော့သူ့မှာဆွေ‌မျိုးတစ်ယောက်ရှိသေးတယ်လေ။

"ငါ့မြေးလေးကကထွားလာလိုက်တာ ဒါပေမဲ့ အငိုသန်တာကတော့ပျောက်မသွားဘူးပဲ"

ငိုလိုက်တာကြောင့်ရဲတက်လာတဲ့နှာခေါင်းလုံးလုံးလေးတွေကိုလက်ညိုးဖြင့်ထိလိုက်ကာအဖွားကထပ်ဆိုလာတယ်။

"ချစ်ဖို့ကောင်းတာလေးကလည်းအရင်အတိုင်းပဲ"

Felix သဘောတကျရယ်လိုက်မိသည်။ အကြာကြီးပျောက်ဆုံးနေခဲ့တဲ့နွေးထွေးမှုရောင်ခြည်လေးကပြန်တောက်ပလာတာကြောင့်ပင်။

"လာ အဖွားကမင်းနေရမယ့်နေရာကိုခေါ်သွားပေးမယ်"

Felix အဖွားအိုရဲ့ခေါ်ဆောင်ရာအတိုင်းလိုက်လာကာ မိနစ် ၂၀ ခန့်မြေအောက်ရထားစီးပြီးချိန်မှာတော့ အိမ်ဆိုသည့်နေရာကိုရောက်လာခဲ့သည်။

ဂျပန်ရိုးရာအိမ်ကြီးအိမ်ကောင်းတစ်ခုဖြစ်ကာ‌ခြံ၀န်းမှာလည်းအတော်လေးကျယ်၀န်းလှသည်။

ဧည့်သည်များနေသည့်အဆောင်လိုပုံစံမျိုးတွေလည်းရှိကာ ဘုရားကျောင်းဆောင်တစ်ခုပါထပ်၍ရှိနေသေးသည်။

ထိုဘုရားကျောင်းဆောင်လမ်းတစ်လျှောက်ရှိအပြည့်အ၀ဖူးပွင့်‌နေသောဆာကူရာပင်များမှာလည်း Felix ၏အာရုံကိုဖမ်းစားထားကာထိုလမ်းတစ်လျှောက်ပြေးလွှားချင်စိတ်ပေါက်လာသည်အထိပင်။

ရောက်ရောက်ချင်းဖြစ်၍စပ်စပ်စုစုမလုပ်တာကောင်းသည်ဟုသာတွေးလိုက်ကာ အိမ်ထဲ၀င်သွားသောအဖွားအနောက်ကိုသာလိုက်သွားလိုက်သည်။

𝐒𝐭𝐮𝐜𝐤 𝐢𝐧 𝐭𝐡𝐞 𝐌𝐢𝐝𝐝𝐥𝐞 ( 𝐖𝐢𝐭𝐡 𝐘𝐨𝐮 )Where stories live. Discover now