Special day

594 39 1
                                    

ဒီနေ့ကားသူတို့ကမ်းခြေသို့ခရီးထွက်သည့်ရက်

အရင်နေ့တွေက ခရီးထွက်ချင်တယ်ပြောပြောနေတဲ့အချစ်လေးအားချင်းမိုင်မှာရှိသည့်ကမ်းခြေတစ်ခုအားလိုက်ပို့ပေးခြင်းသာ။

လာတဲ့လမ်းတစ်လျှောက်အိပ်လာတဲ့ကလေးငယ်ကခုရေကစားကာပျော်မြူးနေသည်။

" Gem..လာလေ "

အသံလာရာကြည့်လိုက်တော့ကလေးလေးကရေထဲမှာမတ်တက်လေးရပ်ပြီးဆံပင်တွေကရေစိုသွားတာကြောင့်ရေစက်လေးတွေဟာဆံပင်မှာခိုတွဲနေပုံကသူနှင့်အရမ်းလိုက်ဖက်သည်။

"‌fot နေမကောင်းဖြစ်မယ် အကြာကြီးမဆော့နဲ့ "

"အောင်း..ဘာလဲ မင်းကငြိုငြင်တာလား "

"မဟုတ်ရပါဘူး နေမကောင်းမှာဆိုးလို့ပြောတာ "

" ဟွန့်..နေအုန်းဆော့အုန်းမယ် "

ဒီကလေးဟာဘယ်လိုပြောပြောမရတဲ့ဆုံးထားလိုက်တော့တယ်။အုန်းရေသောက်ချင်တယ်ဆိုလို့သွားဝယ်ပေးရသေးသည်။ရေထဲဆော့နေသည့်ကောင်လေးအား သူကမ်းနဲ့အနည်းငယ်ဝေးသည့်နေရာတွင်ထိုင်ကာကြည့်နေမိသည်။

မကြာခင်ပဲကလေးငယ်ဟာဆော့ဝသွားသည်ထင်တက်လာသည်။

" Gem..ဗိုက်ဆာတယ် "

" ကဲပြော ဘာစားချင်လဲ "

" အွန်..ပေါင်မုန့်ကြက်ဉကြော်နဲ့ ထမင်းလိပ် "

"ဟုတ်ပီ..လာတက်ကြရအောင် အအေးမိမယ် "

လက်လေးအားဆွဲကာhotelဆီသို့ပြန်သွားကြသည်။အဝတ်စားမြန်မြန်လဲခိုင်းကာခေါင်းအားသုတ်ပေးလိုက်သည်။မဟုတ်ရင် ရေဆိုနေသည့်ခေါင်းအားမသုတ်ပဲနေသည့်ကောင်လေးကဖျားတက်သည်။

ပြီးနောက်မီးဖိုချောင်ထဲသွားကာ သူစားချင်သည့်ပေါင်မုန့်ကြက်ဉကြော်နှင့်ထမင်းလိပ်အားဆလပ်ရွက်ကြိုက်သောချစ်ရ‌သူကြောင့်ဆလပ်ရွက်ကိုများများထည့်ကာလုပ်ပေးနေသည်။ထိုအခါ‌ေနာက်က‌ေနဖက်လာသည့်လက်လေးတွေ။

"Gem~.."

"ဟွန် "

"ချစ်တယ်နော် "

ပြုံးရုံတင်ပြုံးကာလုပ်လက်စများကိုခနလောက်ထားပြီးချစ်ရသူဘက်ကိုလှည့်လိုက်တော့စောနကမှခေါင်လျှော်ပေးကာဆံပင်သုတ်ထားတာကြောင့် shampoo နံ့သင်းသင်းလေးနဲ့ခေါင်းလုံးလုံးလေးက သူ့ရင်ဘတ်အားတိုးဝှေ့ကာချွဲနေသတဲ့။

More than your love....Where stories live. Discover now