Fotfot က ဘာလို့ချစ်ဖို့ကောင်းနေတာလဲ။
ဒီနေ့ရာသီဉတုသာယာနေပေမဲ့ Gemini တစ်ယောက်ကတော့မသာယာနေပေ။
" ဟင်းးးး...ဟမ်းးးး...fotfot ရာ ကိုယ့်ကိုထားသွားတော့မှာလား "
အဝတ်စားတွေထည့်နေတဲ့ fotfotအားနောက်ကသိုင်းဖက်ကာ သည်းနေတဲ့gemကြောင့် fot ရီချင်သလိုလို။အမေနေမကောင်းတာကြောင့်အိမ်ကိုတစ်ပတ်လောက်ပြန်ခြင်းဖြစ်သည်။ဒါကိုgeminiမှာမသွားစေချင်ဖြစ်နေသည်။gemကအလုပ်ကိစ္စတွေရှိတာမို့လိုက်လို့မရပေ။သူတစ်ယောက်ထဲပြန်သည်ကို စိတ်လဲမချ လိုက်လဲလိုက်ချင်နေတဲ့ gem ကတော့ ကပ်ပြီးချွဲနေသည်။
" Fotfot~~..."
"ဖယ်အုန်း gem အဝတ်ထည့်နေတယ်"
" ဟင့်အင်း "
" Ai gem အမေနေမကောင်းလို့သွားတာပါနော် သွားသေတာလဲမဟုတ် ဖက်ထားတာ ခါးလဲပျက်ထွက်သွားအုန်းမယ် ဖယ်အုန်း"
" Fotfotကိုလွမ်းနေရတော့မယ် "
ရွှတ်~
" Gem တော်တော့...အားဟား ယားတယ် "
ဂုတ်သားဖွေးဖွေးအား နှာထိပ်နဲ့ပွတ်သပ်ကာ နမ်းနေတာကြောင့် fotfotယားသည်။ဘယ်လိုတောင် ချွဲပုံကြီးလဲ ကျောင်းတုန်းက လိုက်ရအခက်ဆုံး ကောင်ကအခုသူ့ဆီမှာချွဲနေသတဲ့။
ကျောင်းတုန်းကဆို လာဖွင့်ပြောတဲ့သူတွေကို ပြတ်ပြတ်သားသားငြင်းလွှတ်တတ်တဲ့သူက သူမချစ်တော့ဘူးလို့ပြောလို့ ငိုဖူးသည်ဟုပြောရင်ယုံကြမယ်မဟုတ်။မိန်းကလေးတိုင်း နတ်သားလို့တင်စားရတဲ့သူက အိပ်ယာပေါ်မှာဆို နတ်ဆိုးသဖွယ်ေကြာက်ကောင်းဖို့ေကာင်သည်ကိုလဲသိကြမည်မထင်။
သူနဲ့gemနဲ့တွေ့ဆုံခြင်းဟာ မထင်မှတ်ပဲဖြစ်ခဲ့ကြသည်။gemဟာစာတော်သည် တစ်နေ့တုန်းက fotစာနားမလည်တာကြောင့်စာကြည့်တိုက်ထဲသွားပြီး စာအုပ်သွားချိန် gem နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့တုန်းကတစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။နောက်ပိုင်း သူနာမလည်သည့်စာတွေကို gemကလာလာရှင်းပြတတ်သည်။ဘယ်သူကထင်မှာကျောင်းနောက်ဆုံးနေ့မှာ စာတော်တဲ့သူတစ်ယောက်က သူ့ကို ချစ်တယ်လို့ ဖွင့်ပြောမယ်ဆိုတာ။
YOU ARE READING
More than your love....
FanfictionComplete ✅ writer -Poe " စားဖို့ပဲတွေးနေတဲ့ကောင် " ဂွက်~~~ " ဖြည်းဖြည်း လုပ်ပါ Teerak ရာ"