Episode:1

500 29 4
                                    

စူးရှတဲ့နေရောင်နဲ့အတူငါ သက်ပြင်းတ
ချက်ချရင်းမနက်ခင်းကိုနှိုးထခဲ့တယ်

ထတာနဲ့ရေချိုးခန်းထဲမှာတကိုယ်ရေသန့်ရှင်းရေးလုပ်လိုက်တယ်ဒီနေ့ကျောင်းပိတ်တာကြောင့်ကျွန်‌ေတာ်တနေရာကိုသွားရန်စီစဉ်ထားသည်

တကိုယ်ရေသန့်ရှင်းလို့ပြီးတော့ အဝါရောင်အင်္ကျီလက်ရှည်ကို လက်ရဲ့တဝက်လောက်ခေါက်တင်လိုက်တယ် အနက်ရောင်ဂျင်းသားဘောင်းဘီအရှည်ကိုဝတ်လိုက်တယ် ဆံပင်ကိုသက်သပ်ရပ်ရပ်ပုံသွင်းလိုက် ပြီးနောက် ကင်မရာအနက်ရောင်ကိုလည်ပင်တွင်စွပ်လိုက်တယ်

အောက်ထပ်ရောက်တော့အလှဆုံးအပြုံးပိုင်ရှင်လေးကကျွန်‌ေတာ့်ကိုထမင်းစားစာပွဲဝိုင်းတွင်စောင့်နေသည်ကိုတွေ့၍ပြုံးမိသွားသည်

"သားလေးလာထမင်းစားရအောင် နိုင်နိုင်က သားလေးကြိုက်တဲ့ဟင်းတွေချက်ထားပေးတယ်"

"ဟုတ်ကဲ့နိုင်နိုင်" (နိုင်နိုင်ကတရုတ်လိုဖွားဖွားလို့အဓိပ္ပာယ်ရပါတယ်ခ Gemရဲ့ဖေဖေကတရုတ်ပါနော် မေမေကတော့ထိုင်းပါ)

ထို့နောက်ထမင်းစားဝိုင်းတွင်ဝင်ပြီး ထမင်းကိုဝအောင်စားလိုက်တယ် အကုန်စားပြီးတော့နိုင်နိုင်ကိုပန်ကန်ဆေးကူပြီး

"နိုင်နိုင်ရေ ကျွန်တော်သွားတော့မယ်နော် "

"ဟုတ်ပါပြီ နိုင်နိုင်ရဲ့ပေါင်ပေါင်လေး"

နိုင်နိုင်ကငါ့ရဲ့နာဖူးလေးကို ‌ချိုသာတဲ့အနမ်းလေးပေးပြီးသာနဲ့ ငါလည်းကားပေါ်တက်လိုက်တယ်

Gemနေကြာပန်းခြံတို့ဦးတည်လိုက်သွားလိုက်တယ် 🌻ခြံတို့ရောက်တော့ gemကအလိုလိုပြုံးရွှင်နေမိသည် ပြီးနောက်gemကားပေါ်ကဆင်းပြီးနေကြာပန်းအလှတရားကိုခံစားလိုက်သည်

Gemကနေကြာပန်းကိုအလွန်ကြိုက်သည် သူ့အတွက်လည်းနေကြာပန်းကအလွန်ကိုအဓိပ္ပာယ်ရှိသည် သူငယ်ငယ်ကသူ့ပါးနဲ့ဒီခြံကိုအမြဲလာတယ် အဲ့ဒါကြောင့် သူ့ပါးကိုသတိရတိုင်း ဒီနေကြာခြံကိုအမြဲလာသည် သူနေကြာပန်းကိုအရမ်းကြိုက်ရတဲ့အကြောင်းရင်းကလည်း သေချာပေါက်သူ့ပါးကြောင့်ပေါ့။

နေကြာပန်းဖူးစာ🌻Where stories live. Discover now