ရွက်ကြွေ

12 0 0
                                    

နွေဦးရဲ့ရက်တစ်ရက်
နွေးစပြုကာရွက်တွေလဲကြွေကျခဲ့ပြီ
စာရေးစားပွဲပေါ်ကဒိုင်ယာရီတစ်အုပ်ရယ်
ပိတောက်ပန်းခြောက်လေးရယ်
ဘောပင်တစ်ချောင်းရယ်

ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ
နေရောင်လေးကဝင်ရောက်လာတယ်
မီးဖွင့်ထားသော်ငြားထိုနေရာလေးကလှပနေ
သည်

ကျေးငှက်တို့ရဲ့တေးသီသံ
ကျီကျီကြာကြာသံကပေါ်ထွက်လျက်
ကုတင်ပေါ်ကသေချာခေါက်ထားတဲ့ဆောင်လေး
တွေကသပ်သပ်ရပ်ရပ်

ဒိုင်ယာရီလေးပေါ်ကနာမည်က
နေရောင် ပြီးတော့ရွက်ကြွေဒိုင်ယာရီတဲ့
စာအုပ်လေးထဲကအကြောင်းအရာတွေက
ကြုံတွေ့ဖူးသူသာစေ့စပ်စွာနားလည်နိုင်မည်

ရွက်ကြွေ ဆိုတာ ရွက်သစ်အစားထိုးဖို့
ရွက်ဟောင်းကြွေရတဲ့အဓိပ္ပာယ်
ဒီရွက်ကြွေကလဲရွက်သစ်အတွက်ရွက်ဟောင်း
လိုကြွေခဲ့ရသူလား

စာအုပ်လေးကိုဖတ်လိုက်ရအောင်
ဒိုင်ယာရီလေးဆီကိုရောက်လာတဲ့
လက်တစ်စုံ

စာအုပ်ရဲ့ပထမစာမျက်လေးကစရအောင်
၂၀၁၅မတ်လ နေသာတယ်
အိမ်အသစ်ရောက်တော့မှာကိုစိတ်လှုပ်ရှားမိတယ် ဘယ်လိုလူတွေနဲ့တွေ့ရမလဲ

စာရေးအသားကကလေးဆန်သည်
သူစိတ်လှုပ်ရှားမှုကိုထည့်ရေးထားသည်

"ရောင် .."တိုးညှင်းသောအသံတစ်ခုကတလျက်
ရွက်ကြွေအတွက်ရောင့်ရဲ့ပစ္စည်းမှန်သမျှ
ရွက်ကြွေရဲ့ရတနာတွေပါ
ရွက်ကြွေကိုစိတ်ခွန်အားပေးခဲ့သူ
ရွက်ကြွေကိုအားပေးခဲ့သူ
ရွက်ကြွေရဲ့ဖြစ်တည်မှုကိုချစ်မြတ်နိုးသူ
ရွက်ကြွေချစ်ရတဲ့သူ...'ရောင်´
'နေရောင်´ဆိုတဲ့ရွက်ကြွေရဲ့တစ်ဦးတည်းသော
ချစ်ကြွေရဲ့ဘဝအလင်းရောင်တစ်ခုပါ

ရွက်ကြွေအတွက်အရာရာကိုရောင်ပေးဆပ်ခဲ့ရသူမို့ရွက်ကြွေကလဲရောင့်အတွက်အရာရာပေးဆပ်ခဲ့ပါသည်

ရွက်ကြွေရဲ့ချစ်ရသော..ခင်ပွန်း
ရွက်ကြွေရဲ့နောက်၌လူတစ်ယောက်ရောက်လာသည် ရွက်ကြွေ၏ဝတုပ်တုပ်ခါးလေးအားဖက်လာသောသန်မာသောလက်တစ်စုံ

အနားရောက်လာထဲကသိပါသည်
ရင်းနှီးနေသာကိုယ်သင်းရနံ့
သင်းသင်းလေးနှင့်မွှေးသောရနံ့
စံပယ်ကြိုက်သောရောင်ကစံပယ်ရနံ့လေးသင်း
သည်

ရွက်ကြွေ(one Short)Where stories live. Discover now