* Note - ( တစ်ခါထဲချစ်ချင်လို့ပါ
အချစ်များစွာယူ )
ဒီနှစ်ပုဒ်ကို repeat လုပ်ပြီး ဖတ်ပေးပါ။ *Unicode
1986 ခုနှစ် စပိန်နိုင်ငံ၊ Estrella မြို့။
တော်ဝင်မျိုးနွယ်နှစ်စု ဒုတိယအကြိမ်တွေ့ဆုံပွဲ ..။
" ဟေး .. Jeon "
ချိုမြလွန်းတဲ့ခေါ်သံနဲ့အတူအနားသို့တစ်လှမ်းချင်းလျှောက်သွားလိုက်တော့ မင်းသားငယ် Jeon ကမျက်မှောင်ကျုံ့လာပါ၏။
မင်းသားငယ်တို့ထုံးစံအတိုင်း shirt ဖြူဖြူပေါ်မှအနက်ရောင် suit ကိုထပ်၍ တော်ဝင်မျိုးနွယ်ဝင်တို့သာဝတ်ခွင့်ရှိတဲ့ long pant အနက်ကိုတွဲဖက်ကာဝတ်ထားသည်။
ထိုပုံစံတွေနှင့်ကွဲထွက်နေသည့်ကျွန်တော်ကတော့ bowtie အဖြူကိုဇာပတ်ပတ်လည်ဖြင့်ချုပ်ထားပြီး လည်ပိတ်ပါဝင်တဲ့ပျော့ပျောင်းသည့်ပိုးသားကိုသာ အဖြူရောင် pant ဖြင့်ကွဲပြားစွာဝတ်ဆင်ထားသည်။
အနည်းငယ်မိန်းကလေးဆန်ချင်ပေမဲ့ ထိုသို့သောနူးညံ့သည့်အဝတ်တို့ကိုသာသဘောတွေ့သည်။တည်တင်းလွန်းသည့်မျက်နှာထားက မော်ကြည့်လာသမျှမည်သူကိုမဆို ဦးညွတ်သွားနိုင်သည့်အနေအထား။
စည်းစိမ်ဥစ္စာအရာမှာ တန်းညှိနိုင်သည့်လူချမ်းသာတွေတောင် သူ့ရှေ့ရောက်ရင်အလိုလိုဂုဏ်သိမ်သွားကြတာမျိုး။
မာနကြီးလွန်းပြီးလိုချင်တာကိုရအောင်ယူတက်တဲ့လူ။
တော်ဝင်မျိုးနွယ်အားလုံးထဲမှာတစ်ဦးသာထွက်ရှိခဲ့တဲ့ ရွှေအိုရောင်ဆံနွယ်တွေနဲ့သခင်ငယ်။နာမည်ကျော်ကြားတဲ့ သခင် ..။
မောက်မာလွန်းတဲ့ သခင် ..။
မင်းသားငယ်တို့ရဲ့ သခင် ..။
Estrella မြို့က နတ်ဘုရား Kim .." ငါ့ကိုလွမ်းလို့လာခဲ့တာမဟုတ်လား "
အနားရောက်သည်နှင့်လက်မောင်းကိုဆွဲချိတ်လိုက်တော့ အကြည့်စူးစူးတစ်ချက်က ကျွန်တော့်ဆီတန်းတန်းမတ်မတ်ရောက်လာသည်။
မထူးဆန်းတော့သည့်ဖြစ်အင်ပဲမို့ တစ်ချက်သာပြုံးလိုက်မိသည်။
ထိုသူကတော့ ကျွန်တော့်ရဲ့ကောင်းကင်ပြင် တစ်နည်းပြောရရင် ကျွန််တော့်ရဲ့ El cielo ..