zawgyi
မြန်မာနိုင်ငံရဲ့ အငွေ့  အသက် အ လှ တရားတေ ကိုမခံစားရသည် မှာအတော်ကြာနေပြီဖြစ်တဲ့ ကောင်းစဝ်သွေး အ တွက်တော့ တစ်ကယ်ကို လွမ်းစရာကောင်းလွန်းလှသည် ဒါကြောင့် ပဲ ကောင်းစဝ်သွေး ဟာ စင်ကာပူ ကနေ ကျောင်းပြီးပြီ ဖြစ်၍ အမြန်ဆုံးရနိုင်သော လေယာဉ်ကို လက်မှတ် ဖြတ်ပီး မြန်မာနိုင်ငံကိုပြန်လာခဲ့သည် လေယာဉ်ကွင်း၌ လက်တစ်ဖက်က ခရီးဆောင်အိတ်ကို ဆွဲကာ လက်တစ်ဖက်ကဘောင်းဘီ အိတ်ကပ်ထဲ ထဲ့ ၍ လမ်းလျှောက်လာသော လူရွယ်တစ်ယောက် အသားမဖြူ မမဲ နှာတံစင်းစင်း နှင့် မျက်ခုံးမွှေးကထူထူ အရပ်က ၅ ပေခွဲကျော်ကျော် လောက်နှင့် ဆံပင်များကနဖူးပေါ်တွင် ခပ်အုပ်အုပ် လေးကျနေသော ကောင်းစစ်သွေး ဟာ လူကြားထဲတွင် ထင်းနေသည် ကောင်းစဝ်သွေး ဟာ လေယာဉ်ကွင်းကနေ ကား ငှားကာမန္တလေးမြို့တွင်းကို လာခဲ့သည် ကောင်းစဝ်သွေး က ကားပေါ်ရောက်တာနဲ့ phone contacts ထဲ က မေမေ ဆီကိုဆက်လိုက်သည် မိုးစက်ငယ် က အမေကိုပိုချစ်သူဖြစ်၍ အမြဲ တမ်း အမေကို ဦးစားပေး၏
'' ဟယ်လို သားငယ် ဘာကိစ္စ ရှိလို့လဲ မေ့မေ့သားလေး''
'' မေမေ ဒီနေ့ ဘာနေ့လည်း မှတ်မိလား ''
'' အင်္ဂါနေ့လေ သားရဲ့ ''
''အရမ်းရိုးလွန်းတယ်မေမေရာ''
'' မေမေ မှတ်မိပါတယ်သားရဲ့ ''
'' မင်္ဂလာနှစ်ပတ်လည်ပါနော် ''
''.............''
''ဒါဆို မေမေ ဖေဖေ့ကို...... စားသောကိဆိုင်မှာ ညစာခေါ်လာကျွေးဖို့ မမေ့နဲ့ နော် ဘွတ်ကင် လုပ်ပြီး သွားပြီ နောက်ပြီး မအားဘူးလို့ လဲ မပြောနဲ့ ''
'' ဟုတ်ပါပြီရှင် ဒါဆို အမေ အလုပ်တေပီးတာနဲ့ သားအဖေ ကိုလာကြိုခိုင်းလိုက်မယ် မကောင်းဘူးလား ''
''အရမ်းကောင်းတယ် မေမေ ''
'' ဒါပဲနော် အလုပ်လက်စသက်ဦးမယ် မေ့မေ့ သားလေး''
''ဟုတ် မေမေ''
အမေ နဲ့ ဖုန်းပြောပြီးတာနဲ့ ကောင်းစဝ်သွေး ဟာ ကားမှန်တံခါးကိုချကာ ဝင်လာသော လေအေးအေး ကိုခံစားရင် မန္တလေးရဲ့ ဘယ်လောက် ကြည့်ကြည့်မရိုးနိုင်သော ကျူံး နှင့်ရေပြင်ကိုငေးကြည့်နေရင်း ခန အကြာမှာပဲ အိပ်ပျော်သွားလေသည်
YOU ARE READING
You are my everything
Документальная прозаစိတ်ကူးဖြင့်ရေးသားခြင်းဖြစ်ပါသည် စိတ်ထဲရှိတာချရေးခြင်းဖြစ်ပါကြောင်း အသိပေးပါသည်