zawgyi
'' အစ်ကို့ကို ကျွန်တော်အရမ်းကျေးဇူးတယ်ဗျာ ကျွန်တော့်ဆိုင်လေးကို ယုံကြည်အားပေးလို့ ''
'' အစ်ကိုလည်း တေဇ လိုချောချင်လို့လေ ''
တေဇလင်းမောင် ဆိုင်ကိုယုံကြည် စွာဖြင့် လာအားပေးပြီး ရှယ်ယာပါ ဝင်သောလူတစ်ယောက်နှင့် စကားပြောနေသည်
'' ပိုကောင်းတဲ့အရာအပေါ်ကိုပဲ အာရုံစိုက်လိုက်နော် .....သူများအကျန်ခိုးစားတဲ့အကျင့်ကိုတော့ လိုက်အတုမယူနဲ့နော်.....င..ရဲ...ကျ..လိမ့်..မယ် ''
ဒီကောင်လေး ကောင်းစဝ်သွေး ရောက်လာပြန်ပြီ ဘာတေလာနှောင့်ယှက် ဦးမှာလဲမသိဘူး ရှေ့မှာက အရေးကြီးတဲ့ ဧည့်သည် ကရှိနေသေးတယ်...ဟူး.......
'' ဒါဆိုကျွန်တော် အစ်ကို့အတွက် နောက်တစ်ခါရက်ချိန်းကို ဝန်ထမ်းကို ပြောထားပါ့မယ်နော် ''
'' ဒါဆိုလည်း အစ်ကို့ကိုခွင့်ပြုပါဦး ''
ဧည့်သည် ထွက်သွားပြီးမှ တေဇ စကားဆိုလာသည်
'' ကိုကောင်းစဝ် ဒီအထိဘာလာလုပ်တာလဲဗျ ''
'' ကြည့်ကောင်းသားပဲ ''
ကောင်းစဝ်သွေး သည် ဆိုင်အပြင်အဆင်များကို ပတ်ကြည့်ရင်းပြောသည်
'' ကြည့်လိုက်တာနဲ့ ငါ့ အမေ ငွေတေနဲ့ဆိုတာ ခန့်မှန်းလို့ရတယ် ''
'' အန်တီ က စိတ်ထားကောင်းတယ်လေ .....အားလုံးအတွက် ငွေအရင်းအနှီးထုတ်ပေးတာ ''
'' မင်းတော်တော် ဂုဏ်ယူနေတယ်ပေါ့ ငါ့အမေလို ချမ်းသာတဲ့ လူကိုရှာနိုင်လို့....ငါ့မှာ သတင်းကောင်းတစ်ခုပြောစရာ ရှိသေးတယ် ''
''..............''
'' မမေးတော့ဘူးလား ငါ့ရဲ့သတင်းကောင်းက ဘာလဲဆိုတာ ''
'' ကျွန်တော်မမေးလဲ ကိုကောင်စဝ်က ပြောမှာပဲမလား မဟုတ်ရင် ဒီအထိရောက်လာမှာ မဟုတ်ဘူး လေ ''
'' ငါ့ရဲ့ သတင်းကောင်းက အမေနဲ့ အဖေ အတူတူပြောင်းနေကြပြီဆိုတာပဲ ''
''.............''
'' ငါပြောချင်တာက မင်းတစ်ယောက်တည်း တစ်ဖက်သက် မျှော်လင့်ချက်တေထားနေမှာစိုးလို့ ''
YOU ARE READING
You are my everything
Non-Fictionစိတ်ကူးဖြင့်ရေးသားခြင်းဖြစ်ပါသည် စိတ်ထဲရှိတာချရေးခြင်းဖြစ်ပါကြောင်း အသိပေးပါသည်