သာယာလှပလှတဲ့မနက်ခင်းလေးနဲ့အတူကောင်လေးတစ်ယောက်နိုးထလာပါပြီ၊စာကလေးငှတ်လေးတွေကလဲသူတို့ရဲ့ဘာသာစကားအတိုင်းတေးသံ သံစဉ်လေးတွေကိုဖန်တီးလို့နေတယ်။
"သခင်လေးအီထဖို့အချိန်ရောက်ပါပြီ"
"........"
ကောင်လေးကတော့ဘာမှပြန်မ
ဖြေချေ၊ထိုကောင်လေးနာမည်က ဟီဆွန်း အီဟီဆွန်း။အချိန်ကိုကြည့်လိုက်တော့ 8 နာရီခွဲနေပြီဖြစ်တဲ့အတွက်သူအိပ်ရာပေါ်ကအမြန်ထ၊အခန်းထဲကထွက်ပြီး မျက်နှာသစ်၊သွားတိုက်လုပ်ဖို့ပြင်လိုက်တယ်။
School uniform ကိုသပ်သပ်ရပ်ရပ်လေးဝတ်၊ shoe ဖိနတ်ကိုလေးကိုစီးပြီး၊ခေါင်းလေးဖီးပြီးထွက်လာလိုက်တယ်။
ကျောင်းနောက်ကျသွားမှာစိုးလို့အတွက်ကြောင့်ခပ်လောလောထွက်လာရတာကြောင့်မနက်စာမစားဖို့တောင်မေ့လျော့နေလေတယ်။
ကျောင်းသွားတော့မည့်အချိန်မှာအိမ်ပေါက်ဝမှာဆီးကြိုနေတဲ့ကားပေါ်ကိုတက်ပြီးကျောင်းသွားဖို့ပြင်လိုက်တယ်။
__________________________________
"ဟျောင့် ဂျယ်ယွန်း ငါဒီမှာလေကွာ မင်းကလဲမျက်မှန်ကြီးတပ်ပြီးကန်းနေတယ် ငါမပြောတော့ဘူး"
"မင်းကလဲဒီတစ်ခါတည်းတင်ကိုလာပြီးအပြစ်ပြောနေတယ်"
စကားပြောတာကိုဂျေးကိုမကြည့်ပဲခြားဘက်ကိုပဲရှင်းဂျယ်ယွန်းကကြည့်နေလေရဲ့။
"မင်းစကားပြောနေတာငါနဲ့သိရဲ့လား"
"သိတယ်လေ"
"သိရင်ငါ့ကိုကြည့်ပြောလေခွေးကောင်ရဲ့"
"မင်းနော်! ထားလိုက်ပါတော့ ဟိုလူကဘယ်သူလဲ"
ဂျယ်ယွန်းကတော့သူမျက်နှာမူနေတဲ့ဘက်ကလူတစ်ယောက်ကိုလက်ညိုးထိုးပြီးမေးလိုက်တယ်၊အဲ့လူကတော့....
"အီဟိဆွန်း သူ့အကြောင်းကိုတော့သေချာမသိဘူး စာတော်တယ်ဆိုတာနဲ့စကားမပြောဘူးဆိုတာကလွဲလို့"
ဂျေးရဲ့အဖေကကျောင်းအုပ်ကြီးဖြစ်တာကြောင့်ဂျေးကကျောင်းရှိရှိသမျှအကုန်သိတာကို အခု အီဟီဆွန်းအကြောင်းသူသိမနေတဲ့အတွက်ကြောင့် ဂျယ်ယွန်းအနည်းငယ်အ့ဩသွားတယ်။