Café ထဲကထွက်လာပြီးနောက် ဘယ်သူကမှစကားစမပြောဖြစ်နေတဲ့အချိန်မှာ extrovert ဖြစ်တဲ့ဂျယ်ယွန်းကစကားစလိုက်တယ်။
"ဟျောင်းလဲ ကျောင်းကိုသွားမှာမလား ကျနော်တို့က taxi နဲ့သွားမှာလိုက် လိုက်နော်"
လိုက် လိုက်နော်တဲ့ ဒါဟာဘယ်လိုစကားမျိုးလဲ ခွင့်တောင်းတာလဲမဟုတ် မေးတာလဲမဟုတ် ဘယ်လိုပဲဖြစ်ဖြစ် ဟီဆွန်းလဲငြင်းဖို့ဆန္ဒမရှိပါ။
"ဟျောင်းကတော့ဘယ်လိုနေနေအဆင်ပြေပါတယ်"
*ယွန်းပါလို့မို့ကိုပိုအဆင်ပြေတာ* ဆိုတာကတော့စိတ်ထဲမှာပဲသိမ်းထားလိုက်ရတဲ့စကားလေးသာ။
"Taxi ကနှစ်စီးတောင်လား ဂျယ်ရဲ့"
"အင်း သုံးယောက်ဆိုတော့ဆန့်မယ်မထင်လို့
ပြီးတော့.....
ဆောင်းဟွန်းနဲ့ဟီးဆွန်းဟျောင်းနဲ့က တစ်စီး,စီးလိုက်နော်
ကျနော်ဝင်စရာလေးပေါ်လာလို့"
ပတ်ခ်ဆောင်းဟွန်းကတော့ ဝင်စရာရှိတယ်ဆိုတာ ဆင်ခြေဖြစ်ပြီး သူနဲ့အီဟီဆွန်းနဲ့ကိုရင်းနှီးလာစေချင်လို့ လုပ်တာဆိုတာကိုသိနေတယ်။
ဟီးဆွန်းကတော့သေချာမသိတာကြောင်း ဂျယ်ယွန်းကိုစကားစလိုက်တယ်။
"ဂျယ်ယွန်း
ဂျယ်ယွန်းကဘယ်သွားမလို့လဲ"
"စာကြည့်တိုက်....."
"ကိုယ်လဲအဲ့စီကိုသွားစရာရှိတယ်
တူတူသွားမယ်လေ"
'စာကြည့်တိုက်'ဆိုတာနဲ့ဟီဆွန်းရဲ့သမင်ပျိုနဲ့ဆင်နဲ့မျက်ဝန်းတွေဟာတောက်ပ လင်းလဲ့သွားတယ် ဘာလို့ဆိုသူလဲ စာကြည့်တိုက်ကိုသွားဖို့ရှိတယ်ဆိုေတာ့ တူတူသွားလို့ရနိုင်တယ်ေလ ဒါမဲ့ကြားလိုက်တဲ့အဖြေကတော့သူတွေးထားသလိုမဟုတ်ခဲ့။
"အာ....ပြန်စဉ်းစားကြည့်မှစာအုပ်ကျန်တာခဲ့တာက စာကြည့်တိုက်မှာမဟုတ်ဘူး သူငယ်ချင်းအိမ်မှာ"
"သူငယ်ချင်းအိမ်ကစာကြည့်တိုက်နဲ့နီးတယ်ဆိုရင် တူတူသွားလို့ရတာပဲ"