The One And Only

1.6K 137 1
                                    

"Ya ! Kim Kai မလုပ်ပါနဲ့ဆို။"
"လုပ်မှာပဲ ! Hyung တုန်းကလည်း အဲ့လိုပဲလုပ်ခဲ့တာလေ.."
"အဲ့..အဲ့တာက.."
"Blah Blah !"
"Aishh !! အာ့ဆိုလည်းလုပ်ကွာ.."

Kyung Soo ကလည်းကိုယ်အလှည့်တုန်းက လုပ်ထားလို့သာ ခွင့်ပြုလိုက်ရတယ်.. သိပ်ခွင့်ပြုချင်တာမဟုတ်ဖူး..။ အမှန်တကယ်ဆို ဒီလောင်းကစားကို သူလောင်းကိုမလောင်းခဲ့သင့်တာ.. အရင်တခေါက်တုန်းက သူနိုင်ထားတော့ ဒီတခေါက်လည်းနိုင်မှာပဲလို့ အပိုင်တွက်မိလိုက်တာကိုက Kyung Soo မှားတာပါ..။ ဟိုချီးထုပ်ကလည်း ပြုံးပြုံးပြုံးပြုံးနဲ့.. ဘာတွေများလုပ်နေပီလည်းမသိဖူး.. ခေါင်းထဲရောက်လာတဲ့ အတွေးနဲ့အတူ Kyung Soo တယောက် သူထိုင်နေတဲ့ ဆိုဖာကနေထကာ Kai ခေါင်းကိုကျော်ပြီး Kai ရှေ့ကကွန်ပျူတာကို လှမ်းကြည့်လိုက်သည်။

"Ahhhh !! မဖြစ်နိုင်ဖူး။ ဒါတော့တကယ်မဖြစ်ဖူး။ Kim Jong In !! ခုချက်ချင်းဖြတ်စမ်းး အဲ့ပုံကို။"

Kyung Soo သံကုန်ဟစ်ကာ အော်လိုက်သည်။

"No."

သူကသာ ယောက်ယတ်ခတ် သေတော့မလိုတွေ ဖြစ်နေတာ။ ဟိုကိုယ်တော်လေးကဖြင့် သူ့တောင်ပြန်လှည့်မကြည့်ပဲ အဲ့ဓာတ်ပုံကိုသာ ဆက် edit လုပ်နေသည်။

"Kai ah,Hyung ကိုတခါလောက်ပဲ သက်ညှာပေးလို့မရဖူးလား.?"
"......"
"နော်လို့,Jong in ah. သက်ညှာပေးပါလို့။"
"........"
"Ya ! Kai မင်းကိုမလုပ်နဲ့လို့ပြောနေတယ်လေ။"
"........"

ကွန်ပျူတာရှေ့မှာ ကျောက်ရုပ်လိုမျိုးထိုင်ပြီး Kyung Soo ပြောသမျှဘာမှပြန်မပြောပဲ တစိုက်မတ်မတ်နဲ့ အဲ့ Kyung Soo ဂါဝန်ဝတ်ထားတဲ့ ပုံကိုပဲ edit လုပ်နေတဲ့ Kai ကို Kyung Soo ချော့တစ်လှည့် ခြောက်တစ်လှည့်နှင့် နာရီဝက်လောက်ကြာမြင့်သွားတဲ့ အချိန်မှာတော့..

"တော်ပီကွာ.. မင်းဟာမင်း လုပ်ချင်တာလုပ်တော့။မပြောတော့ဖူး။"

ဘေးနားမှာ ဇီးစေ့လောက်ပဲ ရှိတော့တဲ့ မျက်နှာလေးနဲ့ စူပုတ်ပြီးလာထိုင်တဲ့ Kyung Soo ကို Kai လှည့်ကြည့်လိုက်သည်။ ခုချိန်ထိကို ပွစိပွစိနဲ့ အဲ့ hyung ပေါက်စ ဘာဖြစ်နေလည်းမသိဖူး.. အဲ.. သိတယ်လို့ပဲပြောရမလား..? ထားပါတော့။ ဒီလိုမျိုးမျက်နှာလေးနဲ့ ဆိုပြန်တော့လည်း သနားစရာလေး။

The One And OnlyWhere stories live. Discover now