I'm trapped

213 26 12
                                    

"ဘာပြူးကြည့်နေတာလဲ ရော့ဖမ်းလိုက်"

"ခင်ဗျား အဲ့လိုမျက်နှာမျိုး ခဏခဏမလုပ်ပါနဲ့လား သူများမြင်ရင် ကျွန်တော်က အနိုင်ကျင့်တဲ့သူကြီးကျလို့"

ထိုသို့ပြောလိုက်မှပဲ ဘောလုံးလေးပိုက်ပြီး ပြူးကြည့်နေရာကနေ လှုပ်လာတော့သည်။

ကင်ဂျီအွန်းတစ်ယောက်လည်း မျက်စိရှေ့ကအဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့အခြေအနေကို မြန်မြန်ပဲလက်ခံလိုက်ရတော့သည်။ ကစားဆိုတော့လည်း ကစားလိုက်ရုံပေါ့ ဘာခက်တာမှတ်လို့ ကိုယ်ပစ်တဲ့ဘောလုံးတွေကို သူက အကုန်တားနိုင်မှာတဲ့လား

တစ်ခဏကြာသော် ~

"တား နိုင် တယ် သေလိုက်ပါတော့လား "

စပြီး ကစားကတည်းက အခုထိဆို ဘောလုံး အလုံး၂၀လောက် ပစ်ခဲ့တာကို တစ်လုံးမှမဝင်ဘဲ ရှင်းရစ်ခီရဲ့ရင်ဘတ်ကိုဝင်ဝင်တိုက်ပြီးသာ အဆုံးသတ်ရသည်။

'သူက လူမဟုတ်နိုင်ဘူး တရုတ်ပြည်က မဟာတံတိုင်းကြီးပဲ '

နားထဲမှာ ဆရာလီရဲ့ 'လက်မှတ်မရရင် ပြန်မလာနဲ့တော့' ဆိုတဲ့အသံကြီးက နားထဲပြန်ကြားယောင်လာသည်။ ဒီအလုပ်သာပြုတ်လို့ကတော့ ညီကိုနှစ်ယောက် လမ်းဘေးရောက်တော့မည်။

" ဘာတွေဒီလောက်စဉ်းစားနေတာလဲ မဟုတ်မှ ရင်ခုန်နေတာလား"

"မဟုတ် မဟုတ်ပါဘူး "

ကိုယ့်ရဲ့ရှေ့ကကောင်လေးက စကားပြောမဆင်ခြင်ပါဘူး ။ အခုလည်း တွေ့တာမှနှစ်ကြိမ်ပဲ ရှိသေးသည်။ တစ်ဖက်သားကို သူနဲ့သက်ဆိုင်တဲ့သူလို ခံစားရအောင် ပြောတတ်သည်။

"ဒီနေ့တော့ ဒီလောက်ပဲ ခင်ဗျားနှလုံးခုန်ရပ်ပြီး သေသွားမှာစိုးလို့ "

ဖြစ်ရလေ ။ မယုံနိုင်လွန်းလို့ မျက်လုံးကို ခပ်စောင်းစောင်းအနေအထားနဲ့ကြည့်လိုက်မိသည်။ စိတ်ထဲရှိတဲ့အတိုင်းပြန်ချေပရအောင်ကလည်း သူ့ဆီကလက်မှတ်ယူရဦးမည်။ ဒီလိုလူမျိုးနဲ့စကားနိုင်လုမပြောဘဲ ရှောင်တာပဲ ကောင်းမည်။

" ၁၂တောင်ထိုးတော့မယ် ကျွန်တော်နဲ့ နေ့လည်စာ သွားစားကြမလား "

Who fell first?Where stories live. Discover now