He kissed me!

253 28 7
                                    

ဒီနေ့တော့ ဘတ်စကတ်ဘောပြိုင်ကွင်းထဲမှာ ရှင်းရစ်ခီအပြင် သူနဲ့အပြိုင်ကစားနေတဲ့  ကောင်လေးတစ်ယောက်။ အရပ်ကမတိမ်းမယိမ်းနဲ့ ခြေတံအတော်ရှည်ပြီးကြည့်ကောင်းသည်။ ခုခေတ်ကလေးတွေ ဘာတွေစားပြီးအဲ့သလောက်အရပ်ရှည်ကြပါလိမ့်။

"ကျွန်တော်က ခင်ဗျားလာမှလာပါ့မလားလို့"
ရှင်းရစ်ခီက ထုံးစံအတိုင်း ဘောလုံးကိုဖြစ်သလိုပစ်သွင်းလိုက်ရင်းပြောလာသည်။

ထိုစဉ် သူနဲ့အတူရှိနေတဲ့ကောင်လေးက ကိုယ့်ဆီလျှောက်လာပြီး အနားနားလေးကပ်ပြောလာသည်။

ရုတ်တရက်မို့ကြောင်အပြီးအနောက်ကိုနည်းနည်းဆုတ်လိုက်မိပေမယ့် သူ့ပြောစကားကိုတော့အလုံအလောက်ကြားရပါသည်။

ဖြစ်ပါ့မလား သူပြောတဲ့နည်းက အလုပ်တစ်ခါတည်းတန်းပြုတ်ဖို့ လုံလောက်မနေဘူးလား။ ကိုယ်မယုံသည်ကို သိသည့်အလားသူကမပြန်ခင်ထပ်ပြောသွားသေးသည်။

"ကျွန်တော်ပြောတဲ့အတိုင်းဒီနေ့လုပ်ရင် အကိုမနက်ဖြန်လာစရာမလိုတော့ဘူး" ဟူ၍။    ။

ဒါကြီးကဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စကို သူကတော့ ဒီလိုလုပ်တာကသာ တစ်ခုတည်းသောနည်းလမ်းလိုဖြစ်အောင်ပြောသွားသည်လေ။ အိမ်ကစထွက်လာကတည်းက တွေ့သမျှလူတိုင်းက ပုံမှန်ဟုတ်မနေ တစ်ခုခုတော့ တစ်ခုခုပဲ ။ ကင်ဂျီအွန်းတစ်ယောက်အတွက်တော့ အိမ်ကဆင်းလာသည်ကို လျှောလျှောရှူရှူလွှတ်ထားတဲ့ မွေးသဖခင်ကစလို့ အခု ရှင်းရစ်ခီရဲ့သူငယ်ချင်းအထိ အကုန်ထူးဆန်းလို့နေသည်။ အဖေပြောတဲ့အပြင်လောကက ကြောက်စရာကောင်းတယ်ဆိုတာ တယ်မှန်ရောပဲ။

"ဟေ့လူ လာလေ ဘာတွေရပ်ကြည့်နေတာလဲ လာလေ ဒီနေ့ထပ်စိန်ခေါ်ကြည့်"

ရှင်းရစ်ခီရဲ့အသံကြောင့် အသိစိတ်က ခန္ဓာကို ပြန်ကပ်လာသော်လည်း အခုထိသူ့သူငယ်ချင်းပြောသွားတဲ့စကားကနားထဲကမထွက်။ လိုက်လုပ်ဖို့ကကျ နည်းနည်း အန္တရာယ်များလွန်းသည်မဟုတ်လား ။သို့ပေသိ ဒီတိုင်းဆက်သွားရင်လည်း နိုင်ဖို့လမ်းစမမြင်။ လူ့ကံဆိုတာရှိသေးတာပဲ ရှင်းရစ်ခီမျက်လုံးထဲဖှုန်လေးဝင်သွားလို့ပဲဖြစ်ဖြစ် သူခြေချော်သွားတာဖြစ်ဖြစ် တစ်လုံးတော့ဝင်အောင် သွင်းရမည်။ တကယ့်လက်တွေ့မှာတော့ အတွေးလွန် ခြေချော်ပြီး ရှင်းရစ်ခီနဲ့ ရင်ဘတ်ကို ခေါင်းနဲ့ဝင်ဝင်တိုက်နေသည်မှာ ကိုယ်သာဖြစ်လာသည်။

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

Who fell first?Where stories live. Discover now