24 (ending)

8.7K 444 66
                                    

တချို့လူတွေက ချစ်ခြင်းမေတ္တာကို

နည်းလမ်းအမှားတွေနဲ့ ပေးတတ်ကြတယ်

တချို့လူတွေကတော့ ကိုယ်တိုင်အမုန်းခံပြီး

ချစ်ပေးတတ်ကြတယ်။

------------------------------

မင်းမြတ်၏ အသုဘသည် လူသိပ်မစည်။ မိသားစုနှင့် အလုပ်သမား အနည်းငယ်သာ ရှိပြီး မွေးရပ်မြေသို့ ပြန်ခေါ်သွားရန် စီစဉ်ရသည်မှာပင် မလွယ်ကူခဲ့ချေ။ စာချုပ်အစစ်က မင်းမြတ်ဆီမှာ ရှိနေသည်က လေပြေ့ကို အံ့အားသင့်သွားစေသည်။ စာချုပ်ကို ဖျက်ဆီးလို့ ရခဲ့ပါသော်လည်း မင်းမြတ်က နောက်ဆုံးအချိန်ထိ ကောင်းမွန်စွာ ထိန်းသိမ်းပေးသွားသည်ပင်။

ရဲများက သေကြောင်းကြံစည်မှုအဖြစ် ခေါင်းစဉ်တပ်ခဲ့ပေမယ့် သူတို့မိသားစုအတွင်းမှာသာ ထိုအရာက သွေးရိုးသားရိုး မဟုတ်မှန်းသိရှိခဲ့လေသည်။

အင်္ဂလန်သို့ ပြန်ရောက်သွားသည့် အဲရစ်က မြန်မာမှ လွှဲထားသည့် ငွေများကို သွားထုတ်ချိန်၌ ထိုငွေများမှာ သူ့ထံလွှဲထားခြင်း မရှိကြောင်းနှင့် ပိုင်ဆိုင်သူမှာလည်း သူမဟုတ်ကြောင်း ငြင်းပတ်လာသည့်အချိန်မှသာ သူအလိမ်ခံလိုက်ပြီ ဖြစ်ကြောင်း သိရှိလာလေတော့သည်။

သူက သူတို့တိုင်းပြည်၏ ချောက်ချခံထားရသူလည်းဖြစ် ကြေးစားဂိုဏ်းကလည်း ကျန်ငွေအတွက် သူ့ကို လိုက်ရှာနေတာလည်း ဖြစ်တာကြောင့် ထွက်ပြေးပုန်းရှောင်နေရင်းက သူ့လက်ထဲတွင် ရှိသည့် ပိုင်ဆိုင်မှု စာချုပ်အသက်ဝင်စေရန် စာချုပ်အစစ်ကို ရှာဖို့ လူငှားရမ်းခဲ့သည်။

သို့သော် သူ့သားအကြီး မင်းမြတ်ကလွဲ၍ အခြားသူများကို ရှာမတွေ့ခဲ့။ ထို့ကြောင့် မင်းမြတ်ကို အကြပ်ကိုင်ကာ မွန်း၏ တည်နေရာကို မေးခိုင်းခဲ့ပေမယ့် မင်းမြတ်က သန်လျင်တံတားပေါ်မှ ခုန်ချသွားကြောင်း သတင်းကိုသာ ပြန်လည် ရရှိခဲ့လေသည်။

သူ့မှာ ငွေလည်းရှုံးသားလည်း ရှုံးပြီး ရောက်တတ်ရာရာ ပြေးပုန်းရခြင်းဖြင့်သာ ဘဝက လည်ပတ်နေသည်။ တကယ်တော့ အမှန်တရားတိုင်းကလည်း အမြဲတမ်း ဘယ်နိုင်ပါ့မလဲ။ လုပ်နိုင်စွမ်းရှိတဲ့သူကသာ အနိုင်ရတာပါပဲ။

Monopoly (ပိုင်ဆိုင်ခြင်းပြ နိယာမ) CompletedWhere stories live. Discover now