1

12.7K 577 15
                                    

အပိုင်း(၁)
"Love is not something you find.
Love is something that finds you..."

အချစ်က မင်းရှာဖွေရတာမျိုး မဟုတ်ဘဲ အချစ်ကသာ မင်းကို ရှာဖွေတာပါတဲ့။ ငါကတော့ အချစ်ကို ရှာပြီးရင်းရှာနေခဲ့တယ်။ တစ်နေ့မှာတော့ အချစ်ကငါ့ကို ရှာတွေ့ဖို့ သို့မဟုတ် ငါက အချစ်ကို ရှာတွေ့ဖို့ ဆုတောင်းနေခဲ့ဖူးတယ်။

ငါနေရတဲ့ မြို့လေးက သိပ်ကို တိတ်ဆိတ်ပြီး အေးချမ်းတယ်။ တစ်နည်းအားဖြင့် ဆိုရရင် နေထိုင်ရတာ အထီးကျန်ဆန်တယ်။ ငါ့မှာ မြို့မျက်နှာဖုံး ချမ်းသာတဲ့ လူကုံထံ အဖေတစ်ယောက်ရှိပြီး ငါက သူ့ရဲ့ ဇနီးများစွာထဲက တရားဝင်ဇနီးကနေ မွေးဖွားလာတဲ့ အသုံးမဝင်တဲ့ တရားဝင်သားတစ်ယောက်ပဲ။

အသက်၁၀နှစ်ထဲက နာမကျန်းဖြစ်နေတဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ဝှီးချဲနဲ့ အသက်ဆက်ထားပြီး သွားချင်ရာ မသွားနိုင်တဲ့ အသုံးမကျတဲ့ သား တစ်ယောက်ဆိုလည်း ဟုတ်တယ်။ ငါ့အဖေက ငါ့အမေကို ချစ်ခဲ့လားတော့ ငါလည်းမသိဘူး။

သူသေဆုံးပြီးနောက်မှာတော့ အမွေအားလုံးကို ငါ့ဆီပေးမယ်ဆိုပြီး အတိအလင်း ကြေညာတယ်။ လူတွေက ငါ့ကို မကြိုက်ကြဘူး။ ဒါပေမယ့် ငါ့ကို ဟန်ဆောင်ပြီး ကြိုဆိုနေကြတုန်းပဲ။ ငါ့ဆီကနေ ဘာများရလာမလဲလို့ မျှော်လင့်နေကြတာလည်း ဖြစ်နိုင်တယ်။

ဒါပေမယ့် ငါကတော့ ဟန်ဆောင်မှုတွေကြားမှာ ငြီးငွေ့နေပြီး သေဆုံးသွားဖို့ကိုပဲ မျှော်လင့်နေခဲ့တယ်။ ငါ့အမေက ငါ့နာမည်ကို ပေးတုန်းက အေးချမ်းခြင်းဆိုတဲ့ နမိတ်နဲ့ "Moon" လို့ နာမည်ပေးခဲ့တယ်။ ငါက လမင်းလေးပါတဲ့။

တကယ်လည်း ငါဟာ ကောင်းကင်မှာရှိပြီး အမြဲအထီးကျန်နေတဲ့ လမင်းပါပဲ။ ဘယ်သူက ငါ့ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပါ့မလဲ။ မသန်စွမ်းတဲ့ လူတစ်ယောက်ကို ပစားပေးနေရတာကလည်း သူတို့အတွက် ငရဲဖြစ်နေမှာပါပဲ။

"မွန်းရေ သခင်ကြီးက ဒီည ညစာစားရင် လူစုံစေချင်တယ်လို့ ပြောတယ်၊ ခဏနေ ရေချိုးပေးမှာမို့ အဝတ်တွေ ချွတ်ထားလိုက်နော်"

အန်တီမေက ငါ့ကို ငယ်ငယ်ထဲက ထိန်းပေးလာတဲ့ လူတစ်ယောက်ပဲ။ သူက ငါ့အပေါ် အရမ်းကောင်းပေးတယ်။ ဆုလာဒ်အနေနဲ့ အိမ်မှာ သူကလစာအများဆုံး အိမ်အကူ တစ်ယောက်ပဲ။ ပြီးတော့ တချို့သူတွေ မရနိုင်တဲ့ အခွင့်အရေးတွေလည်း သူတောင်းဆိုလို့ ရတာပေါ့။

Monopoly (ပိုင်ဆိုင်ခြင်းပြ နိယာမ) CompletedDonde viven las historias. Descúbrelo ahora