As The Rain Fall (SeBaek)

65 15 4
                                    


*ဒေါက်ဒေါက်*

ရေနွေးခွက်လေး ကိုင်ပြီး Laptop ထဲက ကြည့်ပြီးသားဇာတ်ကားကို ပြန်ကြည့်ဖို့ လုပ်နေနဲ့ ဆယ်ဟွန်းရဲ့ အိမ်ရှေ့ကနေ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
အပြင်မှာ မိုးတွေလည်း သည်းနေပြီး မုန်တိုင်းလည်း ရှိတယ် ကြေငြာထားလေသည်။ မီးကလည်း ပျက်နေတာမို့ ဆယ်ဟွန်း ထွက်မကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီပါတ်ဝန်းကျင်က လူ‌ခြေတိတ်တာမို့ ဒီလို အချိန်မျိုးဆို လူကောင်း သူကောင်းထဲက သွားသူ လာသူတောင် ရှိမှာ မဟုတ်လောက်ဘူး။

*ဒေါက်ဒေါက်.... ဒေါက်‌ဒေါက်....ဒေါက်ဒေါက်...ဒေါက်ဒေါက်*

အဆက်မပြတ်ထွက်ပေါ်လာတဲ့ တခါးခေါက်သံကြောင့် တစ်ခါလောက် ဖြစ်ဖြစ် ထွက်ကြည့်သင့်တယ် တွေးလိုက်သည်။ ရေနွေးခွက်ကို စားပွဲပေါ် ပြန်ထားလိုက်ရင်း အခန်းတံခါးနားကို သွားလိုက်သည်။ တံခါးနားရောက်မှ အခုတလော သူတို့ နားမှာ သူခိုးကြမ်းပိုးတွေ ခဏခဏတွေ့ကြောင်း အောက်ထပ်က အန်တီကြီးတွေ ပြောနေကြတာ သတိရလိုက်ပြီး တံမြက်စည်းကို အသင့်အနေအထား ဆွဲကိုင်ရင်း တံခါးနားကို ဖြည်းဖြည်းချင်း ချည်းကပ်လိုက်သည်။

တံခါးနားရောက်လာတာနဲ့ ဆယ်ဟွန်းရဲ့ အခန်းထဲက လေထုက ပိုလို့ပင် လေးလံကာ အေးစက်လာသလို ခံစားလာရသည်။

*ဒေါက်ဒေါက်.... ဒေါက်ဒေါက်*

ဆယ်ဟွန်းက နဂိုထဲက သရဲတစ္ဆေတွေကို ကြောက်တယ်ရယ် ဘာညာ မဟုတ်ပေမယ့် ဒီညရဲ့ အခြေအနေက မီးပျက်နေတော့ ဘေးပါတ်ဝန်းကျင်အကုန်လုံးလည်း မှောင်မိုက်နေပြီး၊ မိုးသံ လေသံတွေ အပြင် လေတိုက်တာကြောင့် ထွက်ပေါ်နေတဲ့ တံခါးတွေ ခေါင်မိုးတွေ အသံကလည်း စိတ်ကို ခြောက်ခြားစေလေသည်။

*ဒေါက်ဒေါက် .... ဒေါက်‌ဒေါက်... ဒေါက်ဒေါက်*

တံခါးလက်ကိုင်ကို တင်းကျပ်စွာ ဆုတ်ကိုင်ရင်း တံခါးဖွင့်လိုက်ရော သူ့ရှေ့က ကောင်‌လေး က အနည်းငယ် အံ့ဩသွားဟန်နဲ့ သူ့ကို ကြောင်ကြည့်နေသည်။

"ဟို... ကျွန်.. ကျွန်‌တော် ဘေး..‌ဘေး အခန်းကပါ!"

ထိုကောင်လေးကို မြင်မြင်လိုက်ချင်းမှာပင် ဆယ်ဟွန်းရဲ့ ကျောရိုးထဲကနေပြီးတော့ အေးစိမ့်သွားပြီး ခေါင်းမွေးတွေပါ ထောင်လာသည်ကို ခံစားလိုက်ရပေသည်။

Moira's FabulasWhere stories live. Discover now