🖤21🖤🚩Z🚩

156 25 4
                                    

- မင်းကြီး ကိုယ်လုပ်တော်ကျိုး ကျိုးတိုင်းပြည်ကို ချောချောမွေ့မွေ့ ရောက်ရှိသွားပါပြီ။ ကျိုးမင်းကြီး ကိုယ်တိုင် ခရီးဦးကြိုဆိုတယ်လို့လည်း သိရပါတယ်။

ဟိုက်ခွမ်း - သိပြီ။

- မင်းကြီး ဒီစကားပြောသင့် မပြောသင့် စဥ်းစားနေတာ ကြာပါပြီ။ ဒါပေမယ့် တိုင်းပြည်တစ်ပြည်မှာ မင်းကြီး ရှိသလို မိဖုရားခေါင်လည်း ရှိဖို့ လိုအပ်ပါတယ်။

စစ်သေနာပတိချုပ်ကြီး ရဲ့ စကားကိုကြားပြီး ချီမင်းကြီး သက်ပြင်းချလိုက်မိသည်။

ဟိုက်ခွမ်း - မိဖုရားခေါင် နေရာ အတွက် ဘယ်သူကို တင်မြှောက်ရမှာလဲ။ ကိုယ်တော်ဆီက မိဖုရားငယ် နဲ့ ကြင်ယာတော် တို့က မိဖုရားခေါင် ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး။

- ပညာရေးအမတ်ကြီးရဲ့ သမီး ရွှီးနန့်မေ ကို မင်းကြီး ဘယ်လို သဘောရပါသလဲ။

ဟိုက်ခွမ်း - နန့်မေ က ကိုယ်တော့်အတွက် ညီမလေး တစ်ယောက်လိုပဲ။ မိဖုရားခေါင် နေရာအတွက် က နောက်မှ ပြောကြတာပေါ့။

- ဟုတ်ကဲ့ပါ မင်းကြီး

ဟိုက်ခွမ်း - အခုတလော ၀မ်တိုင်းပြည်က အခြေအနေ မကောင်းဘူးလို့ ကိုယ်တော်ကြားတယ်။

- ဟုတ်ပါတယ်မင်းကြီး ၀မ်မင်းကြီး နေမကောင်းတာကို အခွင့်ကောင်းယူပြီ မင်းသားတွေက ထီးနန်းလုနေကြပါတယ်။

ဟိုက်ခွမ်း - အိမ်ရှေ့စံမင်းသား ရှိတယ်မလား။ အိမ်ရှေ့စံမင်းသားကို ကိုယ်တော် တစ်ခါမှ မမြင်ဖူးဘူး။

- အတွင်းသတင်း အရ အိမ်ရှေ့စံမင်းသားနေရာက ကိုယ်လုပ်တော်ကျိုး နေရာပါ။ ၀မ်မင်းကြီး က အိမ်ရှေ့စံမင်းသားနေရာကို ကိုယ်လုပ်တော်ကျိုး မမွေးဖွားခင်ကတည်းက ပေးထားပြီးသားပါ။

ဟိုက်ခွမ်း - ဒါဆို အပယ်ခံမင်းသားဘ၀ ရောက်သွားတော့ အိမ်ရှေ့စံနေရာကို ဘယ်မင်းသားကိုမှ ထပ်မပေးတာလား။

- ဟုတ်ပါတယ် မင်းကြီး

တစ်ခုခုကို တွေးကာငြိမ်ကျသွားသော မင်းကြီး။ ခနလောက်ကြာတော့မှ

My concubine wants to be king { COMPLETED }Where stories live. Discover now