အမှာစာ:ဒီ chapter 1 လေးကနည်းနည်းတိုသွားတယ်ရှင်...ခေါ်ထိုနခ...
ရိုးရှင်းလှသော မနက်ခင်းတစ်ခုနှင့် အတူထွက်ပေါ်လာသော ဆိုးရွားသည့်အသံ..
"မရဘူးနော်...ရိပ်ကအဖြူပဲစီးမှာ..Papa ဝိုင်းပြောပေးအုန်း"
"သူစီးချင်တဲ့ addias အဖြူကရှာမတွေ့ပါဘူး Boss အဲ့တာကြောင့်ကျနော်တို့က အမဲပဲစီစဥ်ပေးလိုက်ရတာပါ"
"ဖြောင်း!"
"မင်းတို့ကိုဘာပြောထားလဲ သူလိုချင်တာမှန်သမျှဖြည့်စည်းပေးလို့ပြောမထားဘူးလား..ဟမ်!"
"တောင်းပန်ပါတယ် Boss ကျနော်အခုပဲရှာဝယ်ခဲ့ပါ့မယ်"
"နေပါ့စေတော့ ရိပ် အမဲပဲစီးသွားတော့မယ်"
ဤသည်မှာ ဆောင်းဦးရိပ်ခြေ ၏အငြိုး။လွန်ခဲ့သည့်ရက်သတ္တတစ်ပတ်လောက်က သူကို့အော်ခဲ့မိသည့် stylist အားပညာပေးလိုက်ပုံ။သူသည်အဲ့သည်လောက်တောင်ရာထူးကြီးသည်ပေါ့။မှန်ပါသည်..ဆောင်းဦးရိပ်ခြေမှာအငြိုးအင်မတန်ကြီးလွန်ပြီး သူလိုချင်တာမရလျှင်လက်ကောက်ဝတ်ကိုပေါက်ထွက်အောင်ကိုက်သည်အထိ..စိတ်ကြီးလွန်းသူ။
နောက်တစ်ခုက ဦးမိုးကြိုးမြင့် မှာသမီးနှစ်ယောက်ရှိသည့်အနက်မှ ဒီတစ်ယောက်သာအင်မတန်အလိုလိုက်လွန်းသူ။သူ့သမီးအားအထိမခံ..သူ့သမီးအလိုမကျမှာကိုသိပ်ကြောက်သူ။ချစ်လွန်းသည့်အတွက်နှစ်ရာရောက်ခဲ့မှန်းမသိအောင်ကိုအလိုလိုက်သူ။
"Papa ရိပ်သွားတော့မယ်နော်.."
"ဟုတ်ပါပြီ Papa ရဲ့ချစ်မဝ လေးရေ"
"ကိုမိုးကြိုး ရှင်သမီးကိုအဲ့လောက်ထိ အလိုလိုက်နေစရာလိုလို့လားရှင်.."
"ကျောင်းသွားတာ slipper သိုမဟုတ် shoes လေးတွေစီးသွားလဲရတာပဲဟာရှင်..သိန်းချီးပြီးပေးရတဲ့ addias ကိုမှပူဆာ..ရောက်လာတော့လဲအလိုမကျ..တော်တော်ပြောရခက်တဲ့သမီးပါရှင်.."
"ခက်လွန်းဆွေ မင်း သမီးကိုအဲ့လိုပြောစရာအကြောင်းမရှိဘူး..ငါချစ်လွန်းလို့အလိုလိုက်ထားတာ..ငါ့ဘဝရဲ့ဆည်းလည်း လေးလို့ကိုတစ်ထစ်ချယုံကြည်ပြီးအလိုလိုက်ထားတာ..တခြားသူမပြောနဲ့ မင်းတောင်သူ့ကိုလေသံမာမာ နဲ့ပြောရင်ငါမကြိုက်ဘူး..ဒါအရှင်းဆုံး ပထမဆုံးနဲ့နောက်ဆုံးမင်းကိုသတိပေးခြင်းပဲ ခက်"
ဒေါ်ခက်လွန်းဆွေမှာတစ်နေ့တစ်နေ့ထိုသမီးအတွက်ကြီးပူပန်နေရ၏..အခုတစ်ခါယောကျာ်းဖြစ်သူကပါ warning သဘောပြောဆိုလိုက်တော့အပူကြီးလာရပြန်သည်..နဂိုကမှအော်ပြောတာတောင်လူကိုမရိုသေသူအားအော်မပြောနဲ့တဲ့..ရှင်နဲ့တော့ခက်တော့တာပဲ ကိုမိုးကြိုးရယ်..
*****
အမှာစာ:အခု chapter 2 မှာရေးမဲ့အကြောင်းကဦးမိုးကြိုးရဲ့ကွာရှင်းလိုက်ပြီဖြစ်တဲ့ ပထမမိန်းမနဲ့ရတဲ့သမီးအကြောင်းပါနော်။ဦးမိုးကြိုးက သမီးကြီးနဲ့သမီးငယ်နှစ်ယောက်ဆိုရင် သမီးငယ်ကိုနည်းနည်းလေးပိုပြီးဦးစားပေးတယ်ပေါ့နော်။ဒါမဲ့ သမီးငယ်မှားရင်တော့ဆူစရာရှိတာကိုဆူပါတယ်သူ့ဟာသူဆိုရင်တော့ဖခင်တာဝန်ကျေပွန်သူလိုဆိုနိုင်ပါတယ်ရှင့်..။