"ကိုကို.."
"ပြော..."
"ကိုကို..ရိပ်ကိုလာခေါ်မှာလားဟင်.."
"မခေါ်ဘူး..hotel ကိုတန်းလာမှာ..လုပ်စရာတွေကတစ်ပုံကြီးရှိသေးတယ်..မင်းကိုအားအားယားယားလာခေါ်ရအောင်လဲအားမနေဘူး.."
"အာ့ဆိုလဲ...ရိပ်မျှော်နေမယ်နော်..."
"မင်း$ကြောင်း.."
တီ........
ရိပ်တွေးနေမိသည်..ကိုကိုကဘာလို့အဲ့သည်လောက်တောင်မခေါ်မပြောချင်ရတာလဲ...ချစ်စကားကြိုက်စကားပြောတုန်းကတော့သူ့ဘက်ကအရင်...အခုကြလာကြိုဖို့တောင်မအားတော့ဘူးတဲ့လေ...ဘယ်လက်ရုံးတွေ ညာလက်ရုံးတွေကဘာအတွက်လဲ...ဖြေစမ်းပါ ကိုကိုရယ်....
****
"ဟယ်လို...ပိစိလေးရေ..တို့ကနွေဦးနေရောင်ပါ..project နဲ့ပတ်သတ်ပြီးမေးစရာရှိလို့လား..ဒါမှမဟုတ် စာမေးစရာရှိလို့လားရှင့်..""မိုးထက်မြင့်စေ..ပါ"
"အော်..sorry ပါ..ဒီရက်ထဲ ဂျူနီယာလေးတွေက project တစ်ခုအတွက်သူတို့နားမလည်တာရှိရင်မေးမယ်ဆိုပြီးဖုန်းနံပါတ်လာတောင်းထားလို့..."
"ဒါနဲ့ရှင်က..."
"မင်းသူငယ်ချင်းပေးတာ.."
"မှူးကတော့လေ..ဒီလောက်မှာထားတာကို.."
"ဟမ်..ဘာပြောတာ.."
တိုးတိုးတိတ်တိတ်ရေရွတ်လိုက်ခြင်းကြောင့်မိုးထက်မြင့်စေ ရှင်းရှင်း လင်းလင်း မကြားလိုက်ရပေ..
"အော်ဘာမှမဟုတ်ပါဘူး...ဒါနဲ့ဘာပြောစရာရှိလို့လဲ..နွေ့ကိုဖုန်းဆက်တာ..."
"မင်း dinner လာမယ်မလား.."
"မလာတော့ဘူး မေမေ နေမကောင်းလို့.."
"ငါကိုယ်တိုင်လာခေါ်မှာမို့လို့..အဆင်သင့်ပြင်ထား..6:00 ဆိုတာနဲ့မင်းအိမ်ရှေ့ကိုရောက်မယ်.."
တီ......
"ကိုမိုးထက်...ကိုမိုးထက်...ဟာ..ရိပ်သိရင်ဆူခံရတော့မှာပဲ.."
နွေဦးသည် ရိပ် အပေါ် အင်မတန်နားလည်ပေးသောအမကောင်းတစ်ယောက်/အလျော့ပေးတတ်သောအမကောင်းတစ်ယောက် ဖြစ်သည်...ငယ်ငယ်ထဲက ရိပ် အလိုမကျရင်မနေတတ်အောင်ပင်ရိပ်ကိုဦးစားပေးလွန်းသည်...အမကြီးဖြစ်ပေမဲ့ တစ်ချက်တစ်ချက်အော်တတ်သောရိပ်ကိုလည်းသူကကြောက်ရသေးသည်...သူ့အတွက်တော့ ဝဍ် လို့မပြောပလောက်အောင်ကို ရိုးကျိုးလွန်းသူလေးပင်.....
