CHAPTER 2

11 1 0
                                    

ကျောင်းဝန်းကြီးထဲတွင် မုန့်စားခေါင်းလောင်းသံကလွှမ်းခြုံလျက်ရှိသည်..ကျောင်းမုန့်စျေးတန်း
ကျောင်းcoreter တွင်လည်းကျောင်းသားများစည်းကားလျက်...

"ဟဲ့နွေဦး..နင်ကျောင်းရဲ့ နှစ်စဥ် king ကြီးကိုကြိုက်နေတာဆို..."

မှုးချစ်ဝေ၏အသံမှာနည်းနည်းကျယ်သွားပုံရ၏..

နွေဦးနေရောင် ရုတ်တစ်ရက်လန့်ဖြန့်သွားပြီး ဘယ်ဘက်နားက airport ကိုချွတ်ကာ...

"shuu..! တိုးတိုး"

ပြီးမှ...

"မဖြစ်နိုင်တာမှူးရယ် သူကကောင်မလေးရှိတယ်လေ..."

"နွေဦးနေရောင်ရဲ့ဖအေတူမအေကွဲညီမနဲ့ကြိုက်နေတာတဲ့"

မှူးချစ်ဝေ ၏အနောက်မှတစ်ယောက်ကထပြောလိုက်ခြင်း.

"သဒ္ဒါ နင်သူများကို အဲ့လိုမပြောစမ်းပါနဲ့လား နင်တစ်သက်တာကဘလိမ်းဖို့မွေးလာတာလား.."

သူငယ်ချင်းအရင်းဖြစ်သူက နွေဦးကိုထိလာတော့မခံနိုင်တော့ပဲထပြောမိခြင်းဖြစ်သည်...

နွေဦး၏အးမျက်လုံးအိမ်ဝိုင်းဝိုင်းလေးမှာမျက်ရည်စလေးတွေရွှဲလျက်...

ရပါတယ်မှူးရဲ့...သူပြောတာလဲမှန်ပါတယ်...ဟင့်.."

ဤအခြေအနေကိုမှူးချက်ချင်းနားလည်လိုက်သည် ငိုချင်ပေမဲ့တောင်ခံထားသည့် နွေဦးကိုကြည့်ကာသူပါလိုက်ငိုချင်သည်အထိ...

မှူးချစ်ဝေ နဲ့ နွေဦးနေရောင်တို့က အိမ်နီးနားချင်းတွေဖြစ်ပြီးနွေဦးရဲ့ပထမဆုံး ဖအေနဲ့ခွဲနေရတဲ့ခံစားချက်ကိုနားလည်ခဲ့တဲ့တစ်ဦးတည်းသောသူ..မှူးကတစ်ခုတောင်ပိုနစ်နာသေးသည်...ထိုသည်မှာ မှူးအဖေက လောကကြီးမှအပြီးအပိုင်ထွက်ခွာသွားခြင်း...ငယ်စဥ်ထဲကတစ်ယောက်ပေါ်တစ်ယောက်နားလည်ကြသည်မို့ ခင်မင်လာတာ အထက်တန်းတတ်သည်အထိ...မှူး Class A ရလျှင် နွေလဲစာကြိုးစားကာ Class A ရအောင်ဝင်သည် တစ်နှစ်မှ အခန်းမတူ
တာမျိုးမဖြစ်ခဲ့...

ဒီကိစ္စကိုလည်းတိုးတိုးမေးရင်းကနေ ဘယ်ကရောက်လာမှန်းမသိတဲ့ သဒ္ဒါ ရဲ့ ခိုးနားထောင်မှုကြောင့်သာ...

IF YOU ARE MINE FIRSTWhere stories live. Discover now