"တီချယ်ဒေါ်ခင်အေးစုနိုင်?"
အသံလာရာသို့လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက် အေးစုသားအရွယ်လောက်သာရှိဦးမည်။
"သားကတီချယ့်ကိုသိလို့လား?"
ထိုကောင်လေးကရယ်လျက်
"ဟုတ်ကဲ့ ကျွန်တော်တို့ဆယ်တန်းတုန်းက တီချယ်နဲ့သင်ဖူးပါတယ်ဗျ"
"ဪ တပည့်ဟောင်းလေးကိုး အခုကောင်မလေးတောင်ရနေပြီပေါ့"
အေးစု ထိုကောင်လေးဘေးက ကပ်ပါလာသော လူကောင်ခပ်သေးသေး ကလေးမလေးကိုကြည့်ကာပြောလိုက်သည်။
"အာ ဒါ ကျွန်တော့်ညီမလေးပါဗျ နာမည်က စုမြတ်သွယ်နိုင်တဲ့"
"အချောလေးပဲ သားနဲ့တူတာထင်တယ် သမီးလေးကရော ဘယ်နှတန်းရောက်ပြီလဲ"
"ဆယ်တန်းပါ တီချယ် တီချယ်သင်ခဲ့တဲ့ကျောင်းမှာပဲတက်တာပါ"
"ဪ ဟုတ်လား တီချယ်က နားလိုက်ပြီ သမီးရဲ့ မလုပ်ချင်တော့ဘူး"
အေးစု မျက်နှာကို အမူရာအမျိုးစုံအောင် လုပ်ပြပြီး ထိုကလေးမကို ပြန်ပြောမိသည်။ သူမ၏ပရောပရည်လုပ်သလို ဟန်ပန်ကို စုမြတ်နားလည်သည်။
'တီချယ်က ချစ်တော့ချစ်စရာလေးပဲ ငယ်ငယ်လေးရှိသေးတာ နားတယ်တဲ့
ကျောင်းမှာသာရှိသေးရင် အီစီကလီလုပ်လို့တောင်ရတယ်'"သားတို့ထိုင်လေ"
နှုတ်ဆက်စကားတွေ အားရအောင်ပြောပြီးမှ မောင်နှမနှစ်ယောက်ကို အနားလာထိုင်ရန် ဖိတ်ခေါ်မိသည့် အဖြစ်ကို အေးစု ရယ်ချင်လာသည်။
ကလေးနှစ်ယောက်က ဝင်ထိုင်လိုက်တော့
"မောင်နှမနှစ်ယောက်တည်း ပန်းခြံထဲလမ်းလာလျှောက်တာလား"
"ဟုတ်ကဲ့ တကယ်က ကောင်မလေးနဲ့တွေ့ချင်လို့ပါဗျာ ညီမလေးကိုအကြောင်းပြပြီးခေါ်လာရတာ"
ထိုကောင်လေး၏အဖြေကို အေးစုရယ်ရင်းတုံ့ပြန်လိုက်သည်။
"ဪ ဒါကြောင့်ကိုး"
"အဲ့ဒါဆို သားခဏသွားတွေ့လိုက်ဦးမယ်နော် တီချယ်" ဆိုပြီး ကောင်လေးကထထွက်သွားသည်။
YOU ARE READING
Weird Little Thing Called Love
Fanfictionဒေါ်ခင်အေးစုနိုင်ရဲ့ complicated love life ပေါ့လေ