Chapter 2

7 1 3
                                    

အေးစု ကျောင်းမသွားရသည့် မနက်ခင်းများကို အသားကျအောင်ကြိုးစားနေရဆဲ။ ကိုယ့်ကိုကိုယ်ပြန်ရှာဖွေလို့ကောင်းသောအချိန်ဆိုပေမယ့် တစ်ဘဝလုံး စာသင်ခဲ့သည်မဟုတ်လား။

အိမ်ထဲပဲထိုင်မနေချင်၍ အိမ်အနီးတွင်ရှိသော ကော်ဖီဆိုင်သို့ထွက်လာခဲ့သည်။ အေးစု ဆိုင်ထဲဝင်တော့ စားပွဲလွတ်တစ်လုံးသာတွေ့ရ၍ဝင်ထိုင်လိုက်သည်။

'တော်သေးတယ် တန်းမစီရလို့ မဟုတ်ရင် ဝယ်ပြီးအိမ်ပြန်ရမှာ'

တအောင့်အကြာတွင် waitress လေးတစ်ဦးက Espresso လာချပေးသည်။

"သောက်နေကျပဲနော် မအေးစု"

အေးစုပြန်ပြုံးပြကာ တစ်ငုံအရင်ငုံလိုက်သည်။

အေးစုတစ်ယောက်တည်း ကော်ဖီသောက်ရင်း အတွေးများနေစဉ် ဆိုင်ထဲသို့ အရပ်ရှည်ရှည် အသားအရည်ဖြူဖြူနှင့် ခပ်ချောချော အမျိုးသားတစ်ဦးဝင်လာသည်။

ထိုအမျိုးသားက order မှာပြီး စားပွဲရှာစဉ် တစ်ဆိုင်လုံးပြည့်နှက်နေသည်ကို မြင်လိုက်သောအခါ စိတ်ပျက်သွားဟန်တူသည်။ သို့သော် နေရာလွတ်တစ်ခု ရှိလိုရှိငြား မျက်စိကစားကြည့်သော်
နှစ်ယောက်စာ table တွင်တစ်ယောက်တည်းထိုင်နေသော အမျိုးသမီးငယ်တစ်ဦးအားတွေ့သွားသည်။

'ကောင်းပါ့မလား သူကတစ်ယောက်တည်း ငါကသူ့နှစ်ပြန်လောက်တောင်ရှိတယ်'

သို့သော် နေရာလွတ်မတွေ့၍ ရသည့်နေရာသာထိုင်ရတော့မည်ဟုတွေးကာ အေးစုနားချဉ်းကပ်သွားသည်။

"ဟိုလေ လူရှိလားဗျ"

"မရှိပါဘူး ယူလို့ရပါတယ်"

"ဪ ဟုတ်ကဲ့ ကျွန်တော်ထိုင်လို့ရမလားဗျ"

"ဟုတ်ကဲ့ ရပါတယ်"

"အာ ကျေးဇူးနော်"

ထိုအမျိုးသားလည်း ဝမ်းသာစွာ လွယ်ထားသည့်လွယ်အိတ်ကိုချွတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထောင့်ခုံဖြစ်၍ နံရံတွင်အသာမှီကာ အေးစုကို ကျေးဇူးတင်စကားထပ်ပြောသည်။

"ကျွန်တော် ကျောင်းအတွက် ဒီမေးခွန်းထုတ်ရမှာဗျာ။ ဒီနားမှာကိစ္စတစ်ခုရှိလို့လာရင်းနဲ့မှ အခု print ထုတ်မယ်ဆိုလို့ ပို့ပေးရမှာ wifi ရတာလည်းဒီဆိုင်ပဲရှိတယ်"

Weird Little Thing Called LoveWhere stories live. Discover now