" ဆရာဝန်က ဘယ်လိုလုပ် ရဲစခန်းကို ခဏခဏလာနေရတာလဲ "
" အေးဆို "
စခန်းတစ်ခုလုံးက တီးတိုးစကားတွေရဲ့ အကြောင်းအရင်းက စုံထောက်လည်းမဟုတ် ရဲလည်းမဟုတ်ပါဘဲ ခဏခဏ စခန်းကို အိမ်လိုမျိုးရောက်လာတတ်တဲ့ လူကြောင့်ပင်။
ပြဿနာရှာထားတာလည်းမဟုတ် ပြဿနာအရှာခံရတာလည်းမဟုတ်ပါဘဲ အမြဲ အကြောင်းတစ်ခုခုကြောင့် လာလာတတ်သည်။
ဒီတစ်ခါလည်း ဘာတွေများ ပေါက်ကရ ထူးဆန်းတာသိချင်လို့ ရောက်လာပြန်ရတာလဲ။
" အီဟယ်ချန်းခင်ဗျ ... ဒီကို ဆေးရုံနဲ့ မှားနေတာတော့ မဟုတ်ပါဘူးနော် "
" ကျွန်တော့်ပုံစံက ဆေးရုံနဲ့ ရဲစခန်းကို မခွဲနိုင်ဘူးထင်လို့လား "
" ဒါဆို ဘာကြောင့်ရောက်လာရပြန်တာလဲ "
" ဟိုနေ့ကပြောထားတဲ့ကိစ္စလေ အခုထိ မစုံစမ်းရသေးဘူးမလား "
" . . . "
တစ်ဖက်က ဘာမှပြန်မဖြေလာတာကြောင့် ဟယ်ချန်းက " သိသားပဲ" ဆိုသည့် မျက်နှာပေးဖြင့် သက်ပြင်းချပြီး သူ့ရှေ့ရှိ မင်ဟျောင်းလက်ထဲက ဘောပင်ကို ဆွဲယူလိုက်သည်။
" စုံထောက်က အလုပ်ကို သေချာမလုပ်ဘူးပဲနော် ဒီလောက်ပြောပြထားတာတောင် "
" လူတစ်ယောက်ကို ဖမ်းဖို့ဆိုတာ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး ပြီးတော့ မင်း .. ဟယ်ချန်းရှီ ဆီမှာ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေရှိလို့လား "
" အဲ့သက်သေက ခင်ဗျားရှာလေ ကျွန်တော်က သိလို့ပြောပြပေးနေတာကို "
သေချာရှင်းပြပြီးတာတောင် မျက်စိရှေ့က ထိုလူက သက်ပြင်းတစ်ချက်ချသည်။
ဘာလဲ အခု ငါ့စကားကို အဖတ်မလုပ်တာလား။
" ဟယ်ချန်းရှီ .. ထွက်သွားပါတော့ "
" Uhm? "
" ဟယ်ချန်းရှီကို မတွေ့ခင်အထိ တောင်ကိုရီးယားက ဆရာဝန်တွေ ဒီလောက် အချိန်ပေါမှန်း မသိခဲ့ဘူး
ဒီမှာထိုင်နေရမဲ့အစား ဆေးရုံမှာ လူနာတွေကို သွားကြည့်ပေးနေရမှာမဟုတ်ဘူးလား "