^

220 8 4
                                    

"ကိုကိုလေးရှင့် ကိုကိုကြီးက ဒီနေ့ flight နဲ့ ဒူဘိုင်းကနေ ပြန်လာပါပြီတဲ့လေ ကိုကိုကြီးကိုယ်တိုင်က သခင်ကြီးကို ဖုန်းဆက်ပြောတာ ပါ သခင်ကြီးက ကိုကိုလေးကို ‌အသိပေးဖို့ပြောထားလို့ မေ့ လာပြောတာပါရှင်"

"ဒီလောက်ဆိုသိပြီမို့ ထွက်သွားတော့"

အေးစက်တဲ့လေထုကြားထဲ မိန်းကလေးကို အမိန့်တစ်ခုပေးလိုက်တာမို့ ထိုမိန်းကလေးမှာ အမိန့်ကိုနာခံရလေတယ်

"ကိုကိုပြန်လာပြီတဲ့လား" တစ်ဖန်ရေရွတ်ပြီး လက်ကလေးတွေဟာအနည်းငယ်တုန်နေလျက်ရှိနေတယ် လက်ကလေးတွေဘဲတုန်နေသည်မဟုတ် ဘန့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ နှလုံးသားလေးဟာလည်း တုန်ငင်နေတယ်

ကိုကိုပြန်လာပြီဆိုတော့ သူကဘာတွေဆက်ဖြစ်လာမလဲ

"ကိုကို ခင်ဗျားထွက်သွားပြီးနောက်ပိုင်း ဘန့် အဆင်ပြေနေခဲ့ပြီ ခင်ဗျားပြန်မလာရင်ကောင်းသားကိုကိုရယ် ဘန့်ခင်ဗျားကိုမမြင်ချင်ဘူး ညီအကိုမှန်ပေမဲ့ ဘန့်ကမှ ကိုကို့ကိုညီအစ်ကိုလိုသဘောမထားနိုင်တာ ဘန့်တွက်တော့ကိုကိုဟာပြိုင်ဘက်ဘဲ အမြဲတမ်း ဘန့်နေရာကို ကိုကိုက၀င်လုနေတာ ကိုကို့ကြောင့်ဘဲ ဘန့်ကိုလူတွေကအထင်သေးပြီး အမြဲတမ်းကိုကိုနဲ့ဘဲ နှိုင်းယှဉ်ခံနေရတာ"

"ဟူး ခင်ဗျားကြီးကိုမုန့်လို့သေတော့မှာဘဲ"

~~~~~

ခမ်းနားထည်ဝါလှသော အိမ်ကြီးထဲဆီသို့
ထည်ဝါခြင်းတွေမြောက်မြားစွာပြည့်နေတဲ့ သူဟာ မှင်သက်ရလောက်အောင်ပင် ချောမောပေတယ် လှမ်းလိုက်တဲ့ခြေတစ်လှမ်းတိုင်းမှာလည်း ခယဦးညွှတ်စေချင်တဲ့အထိကိုပင် ဂုဏ်ဒြပ်တွေကကြီးမားလှပေတယ်

ကိုကိုကြီးကိုမြင်တော့ မေ့မှာ အံ့ဩရသည် ကိုကိုကြီးက အရင်ကအတိုင်းဘဲ မေ့ ကိုရင်ခုန်အောင်လုပ်နိုင်တုန်း မေ့မှာအမြဲတမ်းကိုကိုကြီးပြန်လာမဲ့အချိန်ကို ရက်ပေါင်းတွေရီပြီး စောင့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ခုတွေ့လိုက်ရတော့ ငိုချင်သည်အထိပင် ပြေးဖက်ချင်လှမိသည် ဒါဟာမေ့တွက်တော့စိတ်ကူးသပ်သပ်ပါဘဲ ကိုကိုကြီးရယ် မေ့ လိုအိမ်ဖော်အဆင့်အတန်းက ကိုကိုကြီးလိုလူကို မမှန်းဝံ့ပါဘူး ဒါမဲ့ တိတ်တခိုးတော့ ငေးကြည့်ပါရ‌စေကိုကိုကြီးရယ် ကိုကိုကြီးက အရင်ကထက်တောင်ပိုခန့်လာပါ့ ကောင်မလေးများရှိနေမလား ကိုကိုကြီးလိုလူမှာ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေရောပေါ့လေ မေ့ တိုးလို့ပေါက်မှာတောင်မဟုတ်ပါဘူးလေ

My Little Dried Flower 🍁Where stories live. Discover now