^^

139 11 0
                                    

"ဒါကတော့ ကျွန်တော်တို့စံအိမ်ရဲ့ အားအထားရဆုံးနဲ့ အကြီးဆုံးသောသားကြီး
Ethan Rajamin တဲ့"

ဘန့်မှာ လက်ထဲကခက်ရင်းကို ကျစ်ကျစ်ပါအောင်စုပ်ထားမိသည် ဘာတဲ့ အားအထားရဆုံးတဲ့ ဟမ့် သက်သက်မဲ့သူ့ကိုချိုးနှိမ်နေတာ
ကိုကိုကြီးရဲ့မျက်နှာကလည်းသိပ်ကိုကျေနပ်နေတဲ့ပုံ ဘန့်ကိုလည်းလာကြည့်နေသေးသည်
ကြည့်တဲ့ပုံစံကိုက ခနဲ့တဲ့မျက်နှာပေးနဲ့

အရှေ့က ကိုကိုဆောင်းဟွန်းကိုကြည့်တော့ အပြုံးမမည်သောအပြုံးတစ်ခုလေး ကိုကိုက မတွေ့ရတာကြာတော့ထင်တယ် ပိုပြီးအသားတွေဖြူပြီး ချောလာလိုက်တာ မျက်နှာလေးကတကယ်အကြည်ဓာတ်လေး ဒီလိုလူကိုသူကပိုင်ဆိုင်ရမှာတဲ့လား အစက Daddy ကသူ့ကိုနေရာချပေးမယ်ဆိုတော့ သူ့သဘောကိုမမေးဘဲစီစဉ်လို့စိတ်ဆိုးခဲ့သေးတယ် နောက်မှ ကိုကိုဖြစ်နေတာကိုသိတော့ စိတ်အေးရသည် ကိုကို့လိုလူကိုသူငြင်းစရာမရှိပါ ငယ်ငယ်ကတည်းကလည်းဘန့်ပေါ်ဆိုကိုကိုကအမြဲတမ်းအလျော့ပေးနေကြ ပြီးတော့ဘန့်အပေါ်ကိုဆိုလည်း ကိုကိုကဘန့်မိသားစု၀င်တွေထက်တောင်ပိုတောင်ကောင်းပေးသေး
ကိုကိုမှမဟုတ်ဘူး ကို့ကို့မိသားစုတစ်ခုလုံး ဘန့်အပေါ်ဆို သိပ်နွေးထွေးတာ ဒီလိုအသိုင်းအဝိုင်းထဲကို၀င်ရမှာဆိုတော့ဘယ်လောက်တောင်ပျော်စရာကောင်းလဲ ကိုကိုနဲ့မြန်မြန်လက်ထပ်ရလေ ကောင်းလေဘဲ ဒါမှဒီစံအိမ်ကနေမြန်မြန်လွတ်မြောက်မှာ

"ဘန့်"

ရုပ်ကလေးတင်အကြည်ဓာတ်မဟုတ်ဘူး အသံလေးကလည်းတကယ်ကို ဩဩလျလျနဲ့ အေးအေးချမ်းချမ်းလေး

"ဗျာ ကိုကို"

သူခေါ်တာကိုရှက်ပြုံးလေးနဲ့ထူးတဲ့ကောင်လေးရယ်ပါ ရှက်နေတယ်ထင်ပါရဲ့ ပါးလေးတွေမသိမသာနီနေတယ် ဘေးက Ethanကိုကြည့်တော့ သူ့ကိုဂျိုကြည့်ကြည့်နေတဲ့ကောင် သူ့ညီကိုခေါ်တော့လူကိုမကြည်ကြည့်နဲ့ ဒီကောင်နဲ့က အရမ်းကြီးတည့်နေတာမဟုတ်ဘူး ဘ၀င်ရူးကောင်

"ဘန့်ကအခုအရင်လိုပန်းချီဆွဲတုန်းဘဲလား"

"ဟုတ် ကိုကို ဘန့်အခုထိလည်းပန်းချီဆွဲတုန်းဘဲကိုကို မကြာခင် ဘန့် ပန်းချီပြတိုက်လေးတစ်ခုဖွင့်ပြီး ဘန့်ပန်းချီတွေကို ပြချင်တာကိုကိုရဲ့"

My Little Dried Flower 🍁Where stories live. Discover now