အခန်း(၆၈)

1.3K 121 39
                                    

[  အားယွင်က ဧကရာဇ်လုပ်၊ကိုယ်က ဧကရီလုပ်မယ်]


စုယွီနှင့် ပိုင်ကျင်းစဲ့၏ လီချင်းယွင်ကို ကယ်တင်မည့်အစီအစဉ်မှာ တစ်ရက်တည်းဖြင့်ပင်ပျက်စီးသွားရတော့သည်။

ပိုင်ကျင်းစဲ့က ယုံးတုမြို့စွန်ရှိ ဆင်ခြေဖုံးမှ သွေးများကိုရှင်းလင်းပြီးနောက်တွင် စုယွီကို အဝေးသို့ ခေါ်ဆောင်သွားနိုင်မည့်သူတစ်ဦးကိုရှာလိုက်သည်။သူက သွမ့်ရင်ကိုခေါ်လိုက်ပြီးနောက်  ရထားတစ်စီးရှာပြီး ရထားမောင်းသူအား သူတို့ကို ဤနေရာမှ အဝေးသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။ စုယွီမှာ သူ့ခန္ဓာကိုယ်ထဲရှိ ကူပိုးကောင်ကြောင့် သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံနေရ၏။ သူ့ခန္ဓာကိုယ်ထဲရှိ အရာအားလုံးသည်လည်း ပျောက်ကွယ်သွားမတတ်ခံစားနေရပြီး ကြောက်လန့်တုန်လှုပ်နေခြင်းကိုလည်း မရပ်တန့်နိုင်ပါပေ။ သွမ့်ရင်သည်လည်း စုယွီ၏ထိုပုံစံကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်လာပြီး ဒေါသလည်း ဖြစ်သွားရ၏။

သွမ့်ရင်၏ ထိုပုံစံကိုမြင်လိုက်ရတဲ့ အခါတွင်တော့ ပိုင်ကျင့်စဲ့က မနေနိုင်ဘဲပြောလိုက်မိတော့သည်။
"သုကူးလီကို မင်း ယှဉ်နိုင်မှာမဟုတ်ဘူး‌ ။ သူ့ကို ဘယ်သူမှ မတိုက်ခိုက်နိုင်ဘူး"

"ဒါပေမယ့် ကျွန်တော့်သခင်က ဒီလိုဖြစ်နေပြီလေ။ အဲ့ဒါကိုမေ့ထားလိုက်ကြရအောင်"
သွမ့်ရင်က ငိုပြီးပြောလာ၏။

"ဒါတောင်မှ သူက အရမ်းကို သက်ညှာပေးထားတာ..."
ပိုင်ကျင်းစဲ့က လေးလေးနက်နက်ဖြင့်ပြောလိုက်သည်။
"သူက လီချင်းယွင်ရှေ့မှာမို့ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ချုပ်တည်းထားတာ။ အဲ့လိုမှမဟုတ်ရင် မင်းရဲ့သခင်က အခုထက်တောင် ပိုပြီးသနားစရာကောင်းသွားလိမ့်မယ်။ သုကူးလီရဲ့ရုပ်ရည်အသွင်အပြင်ကြောင့် အလှည့်စားမခံရစေနဲ့။ သူ့ရဲ့နှလုံးသားက အောက်ခြေမမြင်ရတဲ့ ရေကန်တစ်ခုလိုပဲ အေးစက်နက်ရှိုင်းလွန်းတယ်... သူရက်စက်တဲ့ အခါဆို သူ့ကိုဘယ်သူမှ မယှဉ်နိုင်ဘူး။ သူ့ကို ထပ်ပြီးမရှုပ်နဲ့တော့...အဲ့အချိန်ကျရင် မင်းထွက်သွားချင်တယ်ဆိုရင်တောင်မှ ထွက်သွားနိုင်မှာမဟုတ်တော့ဘူး "

သွမ့်ရင်က မျက်လုံးများဆုံးရှုံးသွား၍  နာကျင်စွာညည်းညူးနေသော စုယွီကိုကြည့်လိုက်ပြီးနောက် ဝမ်းနည်းစွာဖြင့်ပြောလိုက်၏။
"ကျွန်တော့်ရဲ့ သခင်က သူ့ဘဝတစ်လျှောက်လုံး သူများတွေကို ဆေးကုသပေးခဲ့ရပေမယ့် အခုတော့ သူ့ကိုကုသပေးမယ့် သမားတော်ကို နေရာအနှံ့လိုက်ရှာရတော့မယ် ။ ဒါက တကယ့်ကို လှောင်‌ပြောင်နေသလိုပဲ "

"စုယွီရဲ့ ဆရာကို ပိုင်ထျန့်လင်လို့ ခေါ်တယ်။ သူက  ကျော်ကြားတဲ့သမားတော်တစ်‌ယောက်ဖြစ်ပြီးတော့ အခုသူက နေရာအနှံ့ ခရီးသွားနေတယ် ။ မင်းသူ့ကို ရှာရမယ်  "
ပိုင်ကျင်းစဲ့က သက်ပြင်းချလိုက်သည်။
"သွားတော့ သွမ့်ရင်...မင်း ဝေးဝေးကိုသွားလေ ကောင်းလေပဲ ။သုကူးလီရဲ့ရှေ့မှာ ထပ်ပြီး ပေါ်မလာနဲ့တော့ "

"ဟုတ်ကဲ့ ...ကျေးဇူးပါ လူကြီးမင်းပိုင်..." သွမ့်ရင်က နီရဲနေသော မျက်ဝန်းများဖြင့် ပြန်ဖြေလိုက်သည်။

ပိုင်ကျင်းစဲ့က လက်ပြနှုတ်ဆက်လိုက်ပြီးနောက်တွင် ရထားမောင်းသူသည် သွမ့်ရင်နှင့် စုယွီကို ယုံးတုမြို့၏ အဝေးသို့ ခေါ်ဆောင်သွားတော့၏။

ရထားလုံးထွက်သွားသည်နှင့် တပြိုင်နက် သူ့မျက်လုံးများမှာ မှောင်မိုက်လာပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
"သုကူးလီ...သုကူးလီ...မင်းက ကမ္ဘာလောကကြီးရဲ့ နိယာမကို ဆန့်ကျင်နေတာလား... မင်းလည်း အလှတရားကြောင့် ဘာကိုမှမဝေခွဲနိုင်ဘဲ တွေဝေမိုက်မဲလာတဲ့နေ့တစ်နေ့ ရောက်လာပြီပဲ"

ယုံးတုမြို့စွန်ရှိ အဖြစ်အပျက်များကို သေသေချာချာရှင်းလင်းခဲ့တာမို့ ထိုနေရာတွင် ဖြစ်ပျက်သွားသောအရာများကို မည်သူမျှ မသိလိုက်ပါချေ။
မေလနှောင်းပိုင်းသို့ ရောက်ရှိလာပြီမို့ ယုံးတုတွင် မိုးများ တပြိုက်နှစ်ပြိုက် ကျဆင်းလျက်ရှိသည်။ ရာသီဥတုမှာ ပူပြင်းနေသော်လည်း မြေပြင်ကတော့ အနည်းငယ် စိုစွတ်‌နေသည်။
မိုးရေစက်များက တံစက်မြိတ်ဆီမှ တဖြည်းဖြည်းချင်း စီးကျနေ၏။ မိုးရေတွေက ယုံးပြည်ထောင်စုတွင် ပြည့်နှက်လျက်ရှိပြီး စိမ်းလန်းသောမိုးမခပင်များကို မိုးရေဖြင့်ဆေးကြောပေးနေ၏။ ယုံးပြည်ထောင်တစ်ခုလုံးသည် မိုးရာသီအား ကြိုဆိုလျက်ရှိနေသည်ပင်။ လူတွေမှာ အပြင်သို့ ထွက်ခဲလှပြီး လမ်းမကြီးများတွင် လူမရှိသလောက်ပင် ဖြစ်နေ၏။

____________

Hello စာကနည်းပေမယ့်လေ ပြောချင်တာလေးရှိလို့ပါရှင့်

ရှီက ဒါလေးကိုအရမ်းသဘောကျပါတယ် ။ဒါ‌ေပမယ့် ကြိုးစားပြီးပြန်ထားပေမယ့် ကိုယ့်ဘာသာဖတ်ပြီး အားမရလို့ပါ။ အဲ့ဒါ ရှီဆက်ပြီး ပြန်ရမလား ပြောကြပါဦး🥺


ဗီလိန်ဧကရာဇ်၏ ရှင်သန်ခြင်းနည်းဗျူဟာများWhere stories live. Discover now