Part - 1 (Zawgyi)

270 7 0
                                    

အစည်းအခန်းတစ်ခုအတွင်းရှိလေထုသည် မိန်းကလေးတစ်ဦး၏ စကားသံအချို့အဆုံးမှာ အသက်ရှူသံတွေမှလွဲ၍ အခြားမည်သည့်အသံမှ မကြားရသည်အထိ တိတ်ဆိတ်သွားသည်။ ထို့နောက် ထိုအခန်းရှိသူများ တစ်ဦးကိုတစ်ဦးကြည့်ကာ အစောက သူတို့ကြားလိုက်ရသည့် စကားတို့အား မယုံကြည်နိုင်ခြင်းများက မျက်နှာတွေထက် အထင်းသားပင်ပေါ်လာခဲ့သည်။

ထို့နောက် ထိုမိန်းကလေး လက်ညှိုးထိုးကာ ပြောဆိုနေသော  သူအားပြိုင်တူကြည့်လိုက်မိကြပြီး ပြိုင်တူပင် ခေါင်းများခါရမ်းသွားကြသည်က တိုင်ပင်ပြီးပြုလုပ်ခိုင်းရင်တောင် ထိုမျှထပ်တူကျနေမည်မထင်။

"မင်း ဘာပြောလိုက်တာ"

ထိုသို့ ဖရိုဖရဲဆန်နေသော လေထုကို ပြန်လည်အသက်ဝင်လာစေသော စကားသံမှာ မေးခွန်းပေါင်းများစွာပါနေသလို မျက်ဝန်းတို့သည် မယုံကြည်နိုင်စွာ နားမလည်သည့်ဟန်။

"ဘာလဲ ရှင်က ရှင်မသိထားပါဘူးလို့ ဟန်ဆောင်မလို့လား ပိုင်ရှင်ရှိယောက်ျားကို မြူဆွယ်ခဲ့တယ်ဆိုတာ လူတွေသိသွားပြီး အရှက်ရမှာကြောက်နေတာလား"

"ခဏ ခဏလေး ငါတို့ အစောက ဘာလုပ်နေတယ်ဆိုတာ မင်းမြင်တယ်နော် ငါ့ဦးနှောက်က အစကတည်းက ပူထူနေတာ မင်းပြောတာတွေကို နားလည်နိုင်ဖို့ အချိန်ယူနေတယ်"

"ရှင် ရူးချင်အောင်ဆောင်ဖို့ကြိုးစားနေတာလား ရှင် ပိုင်ရှင်ရှိအမျိုးသားကို မြူဆွယ်ခဲ့တယ်ဆိုတာ ဖုံးကွယ်ဖို့ကြိုးစားနေတာလား"

"ခဏနေအုံးလို့ ငါ မင်းပြောတာ‌ကို  နားလည်ဖို့ဘာသာပြန်လိုနေတယ်"

"ဒီမှာ အရူးကွက်တွေလာနင်းမနေနဲ့ ရှင့်ရုပ်ရှင့်ရည်နဲ့သာဆို ‌ဒီကမ္ဘာမှာ ရှင်မြူဆွယ်လို့ရမယ့် ‌မိန်းမရော ယောက်ျားရော မရှားနိုင်ပါဘူး ကျွန်မလူကိုဒီထက်ပိုပြီး သွေးဆောင်မနေပါနဲ့"

"ဆိုတော့ ငါက ပိုင်ရှင်ရှိယောက်ျားကို သွေးဆောင်ဖြားယောင်းထားတယ်လို့ မင်းပြောနေတာပဲ"

"ကိုကိုက ဖောက်ပြန်မှာမဟုတ်ဘူး ရှင် မြူဆွယ်လို့သာ အခုလိုဖြစ်ရတာ ကျွန်မလူကို ကျွန်မဆီပြန်ပေးပါ ကျွန်မတောင်းပန်ပါတယ် ရှင်လိုချင်တာငွေမဟုတ်လား ဘယ်လောက်ပဲပြောလိုက် ကျွန်မပေးနိုင်တယ်"

Home - အိမ်Where stories live. Discover now