Chapter 1

42 3 1
                                    

ခရုလေး

ရှည်လျားသည့် ကော်ရစ်တာကို ဖြတ်ကျော်လာခဲ့ပြီး သူတို့ ဆရာရုံခန်းကိုရောက်လာခဲ့သည်။ ဒေါ်လေးဟွာ သူမ၏ သမီးငယ်လေးလက်ကိုဆုပ်ကိုင်လိုက်ပြီး တံခါးကိုခေါက်လိုက်သည့်အချိန်တွင် ရုံးခန်းအတွင်းက အသံကိုကြားလိုက်ရသည်။

(T/N မြောင်မြောင်ကို ဒေါ်လေးဟွားက သမီးငယ်/သမီးလို့ပဲသုံးထားတာပါ။ ဒေါ်လေးဟွားကိုတော့ မြောင်မြောင်က ‌ဒေါ်လေးလို့ပဲခေါ်ပါတယ်)

"ကျွန်တော့်မိဘတွေကို ခေါ်စရာမလိုဘူး။ ကျွန်တော့်အိမ်မှာ ကျွန်တော့်ကိစ္စတွေကို ကျွန်တော်ဆုံးဖြတ်ခွင့်ရှိတယ်။"

"ကျောင်းသားကျိုးယွမ် မင်းကဉာဏ်ကောင်းတဲ့ ကလေးပါ။ ဆရာတစ်ယောက်ကို အတန်းထဲမှာ ထောက်ပြပြောဆိုလိုက်တာက သူမရဲ့ ဂုဏ်သတင်းကိုထိခိုက်နိုင်တယ်ဆိုတာ မင်းသိထားသင့်တယ်"

ထိုနောက် သူမ ကောင်ငယ်လေးရဲ့ လည်ချောင်းသံဖြင့် တည်ငြိမ်လေးနက်စွာပြောသည်ကိုကြားလိုက်သည်။ " သူမကလည်း ကျွမ်းကျင်တဲ့ဆရာမတစ်ယောက်ပါ။ အဲ့တာကြောင့် ကလေးတစ်ယောက် စကားထစ်တာကို သရော်လိုက်တာက ရယ်စရာမဟုတ်ဘူးဆိုတာနဲ့ ကြောက်စရာအကျိုးဆက်တွေရှိမှာကို သူမလည်း သိထားသင့်တယ်။ ကျွန်တော်ယုံကြည်တယ် ဆရာမလီ၊ ကျွန်တော်ထောက်ပြလိုက်တဲ့ သူမရဲ ‌အလေးထားမှုမရှိတာကို နားလည်မှာပါ"

ဒေါ်လေးဟွား ဒီစကားဝိုင်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကို တွေ့လိုက်ရပြီးတော့ နည်းနည်းကြာအောင်ထပ်နေလိုက်သည်။

"ဆရာမရှဲ့က အလေးထားမှုမရှိဘူးဆိုတာကို ပြောချင်တာမလား။ သူမက စေတနာကောင်းနဲ့လုပ်လိုက်တာပါ။ ဒါပေမဲ့ သူမနည်းလမ်းကမှားနေတာ။မေ့လိုက်တော့။ ဆရာမ သူမနဲ့စကားထပ်ပြောလိုက်မယ် အတန်းကိုပြန်လို့ရပြီ"

တံခါးကပွင့်လာပြီး suit အသေးလေးနဲ့ လည်စည်းကိုဝတ်ထားတဲ့ ကောင်ငယ်လေးဟာ လျှပ်စီးလိုအလျှင်နဲ့ထွက်လာသည်။

ထိုအချိန်တွင် ဒေါ်လေးဟွား သူရဲ့အသွင်အပြင်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။ သူက တကယ်ကြီးချောမောလှသည်။

ငါနင်နဲ့ သူငယ်ချင်းတွေဖြစ်ချင်တယ်Where stories live. Discover now