~သံယောဇဉ် ~
အပိုင်း(၁)
အချစ်ဦးတဲ့.........အချစ်ဦးက နောက်ဆုံး အချစ်လည်း
ဖြစ်သွားနိုင်ခဲ့တယ်.....တစ်သက်မှာ တစ်ယောက်ထဲချစ်သွားတာမျိုးပေါ့ ........နာမည်ကြီးစာရေးဆရာမတစ်ယောက်၏ ဝတ္ထုအပြီး ဇာတ်သိမ်းက happy ending ဆိုပေမယ့် ရင်ထဲမှာ
တစ်ခုခုလစ်ဟာနေသလိုလို......အချစ်ဦးတဲ့.....ဖတ်ပြီးသွားသောစာအုပ်ကို အိပ်ရာထက်ခဏထားခဲ့လိုက်ပြီး အိပ်ခန်းဆီမှထွက်လာခဲ့လိုက်သည်။ တီပိုးက တခြားကိစ္စတော်တော်များများကို ပိတ်ပင်သော်လည်း စာအုပ်ဖတ်သည့်ကိစ္စကိုတော့ မပိတ်ပင်ပါ......သူ့လက်သုံးစကားက
အလိမ္မာစာမှာရှိသည်တဲ့... တီပိုးက ကာတွန်းစာအုပ်ကအစ သတင်းစာဂျာနယ်အထိ ပါသမျှစာတွေကို ငုဝါကိုဖတ်ခိုင်းသည်။မိဘတွေဆုံးပါးသွားပြီးကတည်းက ငုဝါကို
သမီးအရင်းလေးတစ်ယောက်လို ပြုစုပျိုးထောင်လာခဲ့တာ.....
တီပိုးနာမည်အရင်း ဒေါ်ပိုးခက်တဲ့.......
ငုဝါအဖေဦးအောင်ခက်နှင့်မောင်နှမအရင်းတွေဖြစ်ကြပြီး
ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးက ရောဂါကြောင့်
ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားတာကြောင့်
တီပိုးကကြည့်ရှုစောင့်ရှောက်ခဲ့တာလည်းဖြစ်သည်။တီပိုးက အပျိုကြီးတော့မဟုတ်ပါ။ အိမ်ထောင်ကွဲတစ်ခုလပ်ဖြစ်သည်။ထို့ကြောင့် ရက်ကွက်ထဲရှိ
ယောကျ်ားသားတော်တော်များများ သွေးတိုးစမ်းချင်ကြသည်ဟု တီပိုးအမြဲပြောပြသည်။ အိမ်ထောင်ကွဲဖြစ်တာမကောင်းဘူးတဲ့လေ။ငယ်ငယ်ကတည်းက သားသမီးအရင်းတစ်ယောက်လို
ပြုစုစောင့်ရှောက်လာခဲ့သည့်တီပိုးကို ငုဝါချစ်သည်၊ ဒါကြောင့်မို့ တီပိုးဆုံးမသောစကားများကို မှန်မှန်မှားမှား
ငုဝါနားထောင်ဖြစ်ခဲ့သည်။ ယောကျ်ားလေးတွေနဲ့မရောရဘူး....ကျောင်းတက်နေတုန်းအလှမပြင်ရဘူး......သူငယ်ချင်းတွေနှင့်လည်း မုန့်စားဘာညာသိပ်မထည့်ပေ။ပတ်ဝန်းကျင်ကတော့ တီပိုးက ငုဝါကို ချုပ်ချယ်လွန်းသည်ဟု ပြောကြသော်လည်း....ငုဝါက တီပိုး၏ပုံစံခွက်ထဲမှာ
ကြီးပြင်းလာခဲ့ရတာ နေသားကျနေခဲ့ပါပြီ........
တီပိုးစိတ်ဆင်းရဲမည့်အလုပ်ဆို မလုပ်ချင်ပါ။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...