Part-7

2.1K 63 12
                                    

Unicode:

Ring Ring Ring

ဖုန်းမြည်သံကြောင့် Shine နိုးလို့လာသည်
ထို့နောက် Vita ပါနိုးလာသည်

Shine ကြည့်လိုက်တော့ ဟန်နီ့ရှိကဖုန်းဖြစ်လို့နေသည်

Shine :Hello ဟန်နီဘာဖြစ်လို့လဲ

ဟန်နီ:ဗိုက်တစ်အားအောင့်နေလို့ ကယ်ပါအုန်း ကိုကိုရယ်

Shine : ခနပဲ ခနပဲစောင့်နော်
ကိုအခုထွက်လာမယ်

Vita: ဟမ်ဘေဘီအခုဘာပြောလိုက်တာလဲ သူဗိုက်အောင့်ရင်ဆေးရုံသွားလေ မသွားနိုင်ရင် မောင့်တပည့်ကိုလွတ်လိုက်မယ်
ဘေဘီသွားစရာမလိုဘူးလေနော်

Shine : ကျွန်တော်သွားမှရမှာ သွားခွင့်ပြုပါအုန်း

Vita: မင်းဒီထဲကတစ်လှမ်းရွှေ့ကြည့် မနက်ဖန်မှာ ငါ့ရှိကဘာမှရဖို့မမျှော်လင့်နဲ့တော့ မင်္ဂလာဦးညလည်းသူ့အိမ်မှာသွား
အိပ်တယ် မူးနေလို့ပါ အခုလည်း အတူတူနေထားတာမှနာရီပိုင်းရှိသေးတယ် ဗိုက်အောင့်နေလို့ သွားရအုန်းမယ် အက်ကောင်မမှာ မင်းပဲရှိတာလားဟမ် ငါ့ကိုမင်းလင်ငယ်ထင်နေတာလား

ဖြန်းးးးးးး

Shine သည် Vita ကိုပါးရိုက်လိုက်မိပြီး
သူ့ကိုသူလည်းကြောင်နေမိသည်
Vita ကလည်း သူ့ပါးကိုကိုင်ပြီးကြောင်ပြီးကြည့်နေမိသည်

Vita: အဟက် အချစ်လေးကိုထိတော့နာတာပေါ့ သိပ့်ကောင်းတာပဲ Zaw Shine Htet ရယ် မင်းလုပ်ချင်သာလုပ်ပါတော့

Shine: မဟုတ်ဘူးကျွန်တော်ရှင်းပြမယ်

ဝုန်းဒုန်း ဝုန်း

Vita သည်တံခါးကိုကျယ်လောင်စွာပိတ်ပြီး
အခန်းထဲကနေ ထွက်သွားသည်

After a few minutes:

Shine လည်းစိတ်ပင်ပန်းနေ၍ ဟန်နီရှိကိုသွားရအုန်းမည် သူမသွားလို့ကလည်းမဖြစ် ဟိုကအရေးကြီးအခြေအနေဖြစ်နေတယ်
မလား

Shine ကိုယ်တိုင်ကားမောင်းပြီးထွက်သွားသည်

Vita သည် လိုက်ကာအကွယ်ကနေကြည့်
နေရင်း မျက်ရည်များလည်းအတိုင်းအစ မရှိကျလာသည်

I Own YouWhere stories live. Discover now