An eye for an eye (part-1)

188 17 4
                                    

ကျွီ.......

ကားဘရိတ်ဆွဲအုပ်သံနဲ့အတူ ပေကျင်းရဲစခန်းရှေ့ထိုးရပ်လာတဲ့ အနီရောင်ပြိုင်ကားလေးတစ်စီး။ထိုကားပေါ်မှာဆင်းသက်လာတဲ့ အမျိုးသားလေးကတော့ မြင်သူတကာ နှစ်ခါပြန်ငေးရတဲ့ တစ်မိုးအောက်တစ်ယောက် ရစ်ခီရှန် (ခေါ်) ရှန်ချွမ်ရွေ့။

အလွတ်တမ်းစုံထောက်ဖြစ်တဲ့အပြင် ရစ်ခီလိုက်သမျှအမှုတိုင်းကလည်း မအောင်မြင်တာမရှိ။ထိုကဲ့သို့အဆင်းရော အချင်းပါ ပြည့်စုံတဲ့ ရစ်ခီရှန်ဆိုတဲ့ အမျိုးသားလေးဘဝမှာ အမုန်းဆုံး အရာနှစ်ခုကိုပြောပါဆိုရင် အချစ်နဲ့ လောင်းကစားပင်။

ကျောင်းဆရာမဖြစ်တဲ့ မိခင်နှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့ဖခင်ရှိကနေ အချစ်တွေအလုံအလောက်ရရှိထားတဲ့ ရစ်ခီ့ဘဝမှာ မေတ္တာသည်သာ အရေးကြီးဆုံးလို့ခံယူထားသူဖြစ်တယ်။အချစ်လား..အလကားပါ...ကျောင်းတုန်းက အချစ်ဦးလေး ပလေးသွားကတည်းက အချစ်ဆိုတာအယုံအကြည်မရှိတော့တာပဲ။

ဆရာ.....ဒီမှာဘာလုပ်နေတာလဲ။အထဲကိုမဝင်ပဲနဲ့...

အဟမ်း...

ကားပေါ်က ရှိုးအပြည့်နဲ့ ဆင်းလာပြီး  စခန်းထဲမဝင်ပဲ အပြင်မှာရပ်နေတဲ့ရစ်ခီမှာ အစောင့်ကောင်လေးအသံကြားမှပဲ ချောင်းအသာဟန့်လို့ အထဲဝင်သွားတော့တယ်။

"ရှန်...မင်းရောက်တာနဲ့အတော်ပဲ။မင်းအတွက်အထူးအလုပ်တစ်ခုရှိတယ်..''

"ဟာ..ခေါင်းဆောင်ကလည်း ကျွန်တော်အရင်အမှုပြီးတာမှ မကြာသေးဘူးလေ။''

"အခုကအရမ်းအရေးကြီးလို့ပါကွာ..မင်းမှ ဖြစ်မှာမလို့ပါ..ချစ်တပည့်လေးကလည်း''

"ဘာအမှုမလို့လဲ မစ္စတာကျောက်..ဘာလို့ဒီလောက်တောင်အရေးတကြီးလှမ်းခေါ်ရတာလဲ''

"ရှန့်ယန် နယ်စပ်မှာ မူးယစ်ရာဇာ တွေသောင်းကျန်းနေလို့..အဲ့က ပြည်သူတွေဆိုရင်ညဘက်တောင်မအိပ်ရဲ ကြဘူးတဲ့..အခုအခြေနေတော်တော်ဆိုးနေပြီ.. ရှန့်ယန်နယ်ကို အဖွဲ့တစ်ဖွဲ့ကအုပ်စိုးနေတာလို့  ပြောတယ်..ဒီအမှုက အကြီးပိုင်းတွေပါ ပါဝင်ပတ်သက်နေလို့ မင်းမှဖြစ်မှာ.''

An eye for an eyeWhere stories live. Discover now