ကျလိ...ကျလိ...ကျလိ....
"ဝှား...အိပ်လို့ကောင်းလိုက်တာကွာ...ဒီနယ်လေးက အရမ်းသာယာတာပဲ....သဘာဝနှိုးစက်လေးကလည်း ရှိသေး...နယ်ဘက်ဆိုပေမဲ့ မြို့လေးအတိုင်းပဲ...ကုတင်ကလည်းသက်တောင့်သက်သာရှိလိုက်တာပြောမနေနဲ့...ပတ်ဝန်းကျင်ကလည်း ညဘက်ရောက်တာနဲ့ ဆူညံတာမရှိဘူး...အေးချမ်းလိုက်တာလွန်ရော..ပြန်တောင်မပြန်ချင်တော့ဘူး..''
ပြတင်းပေါက်နဘေးက လှမ်းမြင်နေရတဲ့ လမ်းမလေးနဲ့ သွားလာလှုပ်ရှားနေတဲ့သူတွေကိုရစ်ခီ သဘောကျငေးကြည့်နေမိတယ်။
အကုန်လုံးကသူ့အလုပ်ကိုလုပ်နေကြတဲ့သူကြည့်ပဲ...ရန်ဖြစ်တာမရှိ...ပြသနာဆိုတာလည်းမနေ့က နေအခုထိမတွေ့ရ....
ဝုန်း....အမလေး....ကယ်ကြပါဦးဗျို့..
"ဟော..ချီးကျူးလို့မှမဆုံးသေး..ပြသနာတော့စပြီ''
ခပ်နွမ်းနွမ်းဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက်မှာ လမ်းဘေးက တွေ့သမျှလူတွေအကုန်ဝင်တိုက်လို့ဘေးလွတ်ရာထွက်ပြေးနေပြီး သူ့အနောက်မှ လိုက်နေတဲ့ လူအုပ်ကြီးကိုကြည့်လိုက်တော့ အနက်ရောင်ဆင်တူတွေဖြစ်နေတာရစ်ခီသတိပြုမိလိုက်တယ်။
"သေချာတယ်..ဒါဂိုဏ်းတစ်ဂိုဏ်းကပဲနေမှာ..ဒါမျိုးကိုရစ်ခီရှန်တို့အလွတ်ခံလို့ဘယ်ရမလဲ..''
ထိုသို့တွေးရင်း ဒီကမ္ဘာမှာငါသာ အချောဆုံးလို့ခံယူထားသောသခင်လေးရစ်ခီမှာ တစ်ထပ်ကနေ ေအာက်ကိုကျော့ကျော့လေးခုန်ဆင်းလိုက်ပါတော့တယ်။
အောက်ရောက်တာနဲ့ အရင်ဆုံးလုပ်မိတာကတော့ ရှေ့ရှေ့တည်မှာရှိတဲ့ ဆိုင်ရဲ့မှန်ကိုကြည့်လိုက်ခြင်းပင်။
"အဟမ်း...ငါချောနေတုန်းပဲဟ''
သခင်လေးရစ်ခီမှာမိမိ၏အမြတ်တနိုးထားရာ ခေါင်းဝါလေးကိုလက်ဖြင့်အသာသပ်လ်ု့ စတိုင်ကျကျထရပ်လ်ုက်တယ်။
"အား...ခြေထောက်နာတာကွာ...မဖြစ်သေးပါဘူး ဟိုလူတွေနောက်အမြန်လိုက်မှ''
လမ်းတစ်ဖက်စိီမှာကိုယ်စီစျေးရောင်းနေကြတဲ့ စျေးသည်တွေနဲ့ ဖြတ်သွားဖြတ်လာလူတွေမှာတော့ ပိုကီမွန်ညဝတ်ဝမ်းဆက်လေးနဲ့ပြတင်းပေါက်ကနေရုတ်တရက်ခုန်ဆင်းလာပြီး ရှိုးစမိုး ထုတ်ရုံမျှအားမရသေး..ခုန်ဆွခုန်ဆွလုပ်ပြီး လမ်းကြားဘက်ပြေးထွက်ထားသော ကောင်ချောလေးကို
ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြလေရဲ့။