Uniပိတောက်ပန်းလေးတွေပွင့်တိုင်း သင်္ကြန်ရဲ့အငွေ့သက်တွေကိုပိုမိုခံစားစေခဲ့တယ်။အရာရာက ကံတရားဆိုပေမယ့် သူနဲ့ကျွန်တော်ရဲ့ ကံတရားက မလှပခဲ့ပါဘူးဗျာ။ဒီနှစ်သင်္ကြန်မှာတော့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ပါတယ်...။
အတာ.....မင်းဘယ်တော့ငါ့ဘဝထဲဝင်လာမလဲဆိုတာငါမသိတော့ဘူး။ပြောင်းလဲလို့မရတဲ့ကံတရားတစ်ချို့ကို ငါကအတင်းပြောင်းလဲချင်မိတယ်။ပိတောက်ပန်းတွေပွင့်ခဲ့ပြန်တဲ့ ပြီခဲ့တဲ့နှစ်တွေက
သင်္ကြန်မှာပေါ့......။''ဗွမ်း....''
''ဟာ...ဟျောင်....သော်ဇင်....ဘာလုပ်တာလဲကွ..ဒီမှာဆိုကုန်ပြီ....''
''အတာ ကလဲ...ဒီနေ့သင်္ကြန်အကြိုနေ့လေ...မင်းမသိဘူးလား...ဒါကြောင့်ရေပတ်တာထူးဆန်းလား''
''ဟာ...မင်းကတော့...ပတ်မယ်ဆိုလဲ ကြိုပြောပေါ့..ဒီမှာလန့်သွားတာပဲ...''
''မင်းကို အံအော်သွားစေချင်လို့ပါ အတာ ရာ....ဟ.ဟ''
''အေး...မင်းကိုလဲ ပြန်ပတ်မယ်...''
''ဟျောင် အတာမလုပ်နဲ့လေ...''
''မရဘူး..သော်ဇင်...ငါပတ်မှာပဲ...''
''ဟာ...ဟျောင်မလုပ်နဲ့ဆို....ဆိုကုန်ပြီလို့ အတာ...''
''ငါ့ကိုလုပ်ထားတုန်က အဲ့အသံလား..ဟ..ဟ..ဟ..''
''ဟာ......အတာ....''
သော်ဇင်ဆိုတဲ့ကျွန်တော်က....အတာဆိုတဲ့ သူနဲ့ပဲ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းပေါ့....သူနဲ့ကျွန်တော်ရဲ့ သံယောဇဥ်က သူငယ်ချင်းသံယောဇဥ်ထက်တော့ များတယ်ဗျ....။အတာကလဲ....ကျွန်တော်ကိုချစ်တယ်ဆိုတာသိကျွန်တော်သိတယ်....ကျွန်တော်ကလဲ အတာကိုချစ်တယ်...ဒါပေမယ့်နှစ်ယောက်လုံးဒီတိုင်ပဲနေကြတယ် ဖွင့်မပြောကြဘူး။ ကျွန်တော်တို့အချစ်တွေက ဖြူစင်ကြတာနှစ်ယောက်လုံးသိကြပါတယ်။
''ဟျောင်....အတာရေ.....အတာ''
''ဟေ့...လာပြီ..အသံဗြဲနဲ့အော်မနေနဲ့.........ပြောဘာကိစ္စ...''
''ငါက ကိစ္စရှိမှလာရမှာပေါ့ ဟုလား....''
''မဟုတ်ပါဘူး သော်ဇင်ရာ...မင်းကအရေးတကြီးခေါ်နေတော့ ကိစ္စရှိလို့လားလို့...''
YOU ARE READING
ကျွန်တော်ချစ်သော အတာ (ကြၽန္ေတာ္ခ်စ္ေသာ အတာ)