အချစ်ကြီးသူမို့မမုန်းရက်နိုင် part-1

7 0 0
                                    

" အမေသမီးကျူရှင်သွားတော့မယ်နော်"နှောင်းဝသန်တစ်ယောက်မီးဖိုချောင်ထဲရှိမိခင်ကိုအော်ဟစ်နှုတ်ဆက်၍ရှူးဖိနပ်အားကြိုးချည်နေသည်။ "ဟယ်သမီးရယ်မနက်စာလေးတော့စားသွားလိုက်ပါလား" "မစားတော့ပါဘူးမေမေရယ်ခုတောင်နောက်ကျနေပြီသွားတော့မယ်နော်မေမေbye" နှောင်းဝသန်မိခင်အားလျင်မြန်စွာနှုတ်ဆက်၍ခြံပြင်ထိစက်ဘီးလေးတွန်းပြီးထွက်လာခဲ့လိုက်သည်။

ဒီနေ့နှောင်းဝသန်ပထမဆုံးကျူရှင်တက်ရက်ဖြစ်သည့်အတွက်နောက်မကျခြင်ပါ။အခြားသူများကသကြ်န်ပြီးသည်နှင့်ကျူရှင်များစတက်သော်လည်းနှောင်းဝသန်မတက်ဖြစ်ခဲ့ တစ်ယောက်တည်းသာရှိတော့သောမေမေ့အလုပ်တွေကိုဝိုင်းကူနေရသောကြောင့်ဖြစ်သည်။ဖေဖေမရှိသည့်နောက်တွင်မေမေသည်နောက်အိမ်ထောင်မပြုဘဲနှောင်းဝသန်ကိုပျိုးထောင်ပေးခဲ့သည်။ မြို့ထဲစျေး၌အထည်ဆိုင်ဖွင့်ထားသောမေမေ့ဆိုင်အားနှောင်းဝသန်အားလျှင်အားသလိုဆိုင်ထိုင်ပေးဖြစ်သည်။အချမ်းသာကြီးမဟုတ်သည့်တိုင်နှောင်းဝသန်တို့သားမိသည်လူလတ်တန်းစားထဲ၌ပါသည်ဟုပြောရမည်။ ကိုယ့်ဘဝကိုယ်ပြန်တွေးရင်းနှောင်းဝသန်ကျူရှင်ဆရာမအိမ်ရှေ့သို့ရောက်နေမှန်းသတိမထားမိလိုက် ရွှေဇင်တို့အုပ်စုမြင်၍လှမ်းအော်မှစက်ဘီးဘရိတ်ကိုဆွဲလိုက်ရသည်။
"ဟဲ့မိဝသန်ဘာတွေကိုအဲ့လောက်တွေးပြီးအတွေးရေယဉ်ကြောမှာမျောနေလို့ဆရာမအိမ်ကျော်သွားတာတောင်မသိရတာလဲ"ထုံးစံတိုင်းလော်စပီကာထက်ကျယ်သော မိစွာကျယ်မိုးသွယ်ကစအော်သည် မိုးသွယ်ကအော်လို့မပြီးသေးဘူး မိရွှေဇင်ကထပ်မာန်ပြန်သည် "ဝသန်နင်ကျူရှင်စတက်တဲ့နေ့မှာတစ်လွဲမလုပ်မိစေနဲ့နော်" "အေးပါဟယ်နင်တို့ကလည်း ငါနည်းနည်းအတွေးလွန်သွားလို့ပါဟ ဆရာမကောစာသင်နေပြီလား" "မသင်သေးပါဘူးဟ ဆရာမကကိစ္စလေးရှိလို့အပြင်ခဏထွက်သွားတယ်ခဏနေပြန်ရောက်တော့မှာ" ဒီတစ်ခါဖြေရှင်းချက်ပေးသူကစံကြီးခေါ်မေမြတ်စံပေါ့တစ်ဖွဲ့လုံးရဲ့ဉာဏ်ကြီးရှင်လေး ဝသန်စက်ဘီးထားတဲ့နေရာမှာဒေါက်ထောက်ပြီး ဟိုသုံးကောင်နှင့်အတူဆရာမအိမ်ထဲလိုက်ဝင်မိသည်။
ကျူရှင်ပထမရက်ပေမဲ့အားလုံးကကျောင်းကသူငယ်ချင်းတွေဖြစ်သည့်အတွက်အခက်ခဲမရှိပါ ဆရာမသည်လည်းအတန်းပိုင်ဆရာမသာကျူရှင်ခေါ်ပြခြင်းဖြစ်သည်။ ဟိုသုံးယောက်ကဝသန်ကိုသူတို့ဘေးမှနေရာချပေးသည် ဆရာမမလာသေးတာကြောင့်ရွှေဇင်တို့နဲ့စကားပြောရင်းဘေးပတ်လည်ကသူငယ်ချင်းတွေကိုလိုက်ကြည့်နေမိသည် အများအားဖြင့်ဝသန်တို့အခန်းထဲမှသူငယ်ချင်းများဖြစ်သည် တစ်ချို့သူများကတော့ဝသန်တို့အခန်းမှမဟုတ် ဝသန်မမြင်ဖူးသူများလည်းပါနေသည် ။
ဝသန်ကG-11အခန်းBကEcoတွဲလေဝသန်ကအခန်းထဲမှာဆိုအနေအေးတယ်စကားသိပ်မပြောတော့ သူငယ်ချင်းဆိုလို့များများစားစားမရှိ
အိရွှေဇင်.နှင်းမိုးသွယ်နဲ့မေမြတ်စံဒီသုံးကောင်ကတော့ငယ်ပေါင်းကြီးဖော်တွေပေါ့ ဝသန်နဲ့ဟိုးငယ်ငယ်လေးတည်းကသိခဲ့ကြတာ သူငယ်ချင်အရင်းခေါက်ခေါက်တွေလေ မေမေကဝသန်ကိုဆရာဝန်မကြီးဖြစ်စေချင်လို့Bioတွဲယူခိုင်းပေမဲ့ဝသန်ကစီးပွားရေးပဲစိတ်ဝင်စားလို့Ecoတွဲသာယူခဲ့ခြင်းဖြစ်သည်ရွှေဇင်တို့အုပ်စုလည်းengကြောက်၍Bioမယူကြအဲ့တာကြောင့်လည်းလေးယောက်ပို၍ပေါင်းမိခြင်းဖြစ်သည်။

အချစ်ကြီးသူမို့မမုန်းရက်နိုင် Where stories live. Discover now