မောင် မုန့်စျေးတန်းကနေ စာသင်ခန်းထဲပြန်ဝင်လာတဲ့ထိ ရင်တွေခုန်နေမိသည်။ မုန့်စျေးတန်းနားမှာမောင်နဲ့ဝင်တိုက်မိတဲ့တစ်ယောက်ကို မောင်သတိထားမိနေသည်။ သူကဒီနှစ်မောင်တို့တက်တဲ့ကျူရှင်ကဖြစ်သည် အစကတော့မောင်လည်းသိပ်သတိမထားမိပါဘူး မောင်ကျူရှင်ကိုစတက်တဲ့နေ့မှာသူကမောင်ဝင်လာတာကို မျက်တောင်မခပ်တမ်းစိုက်ကြည့်နေခဲ့သည် မောင့်ကိုကြည့်နေမှန်းသိတော့မောင်မနေတက် ရှက်သလိုဖြစ်ပေမဲ့ အတတ်နိုင်ဆုံးတော့ဟန်မပျက်ဆက်လျှောက်ခဲ့သည် မောင်သတိထားမိရင်လည်းထားမိစရာပဲလေ သူ့ရဲ့ဖြောင့်စင်းနက်မှောက်နေတဲ့ မျက်ခုံးနတစ်စုံရဲ့အောက်က မျက်လူံးနက်နက်လေးတွေကို မောင်သဘောကျမိသည် သူမောင့်ကိုကြည့်နေချိန် မောင်ရင်ထဲမှာအမျိုးအမည်ဖော်လိုမရတဲ့ခံစားမှုမျိုးကိုခံစားမိသည် ထိုနေ့တည်းကမောင်သူ့ကိုစသိနေခဲ့ခြင်းဖြစ်သည် ဒါပေမဲ့ သူ့အကြောင်းတော့မောင်မစုံစမ်းဖြစ်ခဲ့ပါ ဒီနေ့လည်းသူနှင့်တိုက်မိပြန်တော့ မောင်ရင်တွေခုန်နေမိသည် မောင့်ဘဝမှာရည်းစားဆိုလို့အချစ်ဉီးတစ်ယောက်သာရှိခဲ့ဖူးသည် သူနဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲခဲ့ရသည် ဒီနေ့ချိန်ထိမောင်တစ်စုံတစ်ဉီးကိုမှထပ်မချစ်ဖြစ်ခဲ့ ရင်မခုန်ခဲ့တော့ပါ ဒါပေမဲ့သူ့ကိုတွေ့တော့ မောင့်ရင်ခုန်သံတွေတစ်ဖန်ပြန်နိုးလာခဲ့သည် ဒါပေမဲ့မောင်ဒီရင်ခုန်သံတွေကိုထိန်းချုပ်မှရမည် မောင်ကောသူကောကမိန်းကလေးတွေလေ မောင်တို့ဘယ်လိုနည်းနဲ့မှဖြစ်နိုင်မည်မဟုတ်ပါ ပြီးတော့မောင့်နှလုံးသားကထပ်ချစ်မှာကိုကြောက်နေသည် ထပ်ခံစားရမှာကိုစိုးထိတ်နေသည် မောင့်ရင်ခုန်သံတွေကိုထိန်းချုပ်ရမည် ဘယ်လိုနည်းနဲ့မှထပ်ချစ်လို့မဖြစ်ပေ အိမ်ကဖေဖေနဲ့မေမေသိရင်လုံးဝလက်ခံမည်မဟုတ် မောင်အတတ်နိုင်ဆုံးသူနဲ့ဝေးဝေးနေမည်။
"စန်းအိမောင် ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ "ဖြိုးနန္ဒာထွန်းတို့ဝင်အဖွဲ့ဝင်လာပြီးမေးမှ အတွေးစတို့ပြတ်တောက်သွားသည်
"ဘာမှမတွေးပါဘူးမီးငယ်ရယ်ဟိုဟိုဒီဒီစဉ်းစားနေတာပါ"ဖြိုးနန္ဒာထွန်းကိုတစ်ဖွဲ့လုံးကမီးငယ်ဟုသာခေါ်ကြသည် သူ့အိမ်နာမည်ကိုသာခေါ်ကြခြင်းဖြစ်သည်
"ကျောင်းပြန်တဲ့ရင်bioချိန်နော် မနေ့ကပေးလိုက်တဲ့စာတွေလုပ်လာလား ဒီနေ့မေးမှာ" ချစ်စုဝင်ပြောမှသတိရသည်
"လုပ်တော့လုပ်လာတယ်ဟ ပြန်မနွေးရသေးဘူးနည်းနည်းမေ့နေပြီ"
"အဲ့ဒါဆိုပြန်ကြည့်နေလေ ဟိုတွေးဒီတွေးတွေးပြီးအချိန်ဖြုန်းမနေနဲ့ ခဏနေကျောင်းပြန်တက်တော့မှာ"
"အင်းပါ ဆရာမကလည်းနော်နှစ်စပဲရှိသေးတယ် စာကမှာပြီ"
"စာရတဲ့လူတွေပဲညည်းနေကြ ကျွန်မတို့ညည်းဖို့မထားနဲ့"
"အဲ့လောက်လည်းမရပါဘူးဟာ အမှတ်မကျအောင်မနည်းကြိုးစားနေရတာ"
"ကဲပါ စာကြည့်ကြတော့" စကားစဖြတ်ပြီးတာနဲ့စာအုပ်ထုတ်၍ကြည့်နေမိသည် ကျောင်းတက်ခေါင်းလောင်းပြန်ထိုး၍ သင်ခန်းစာများသင်နေသင်ရင်း ညနေ4နာရီထိုးသို့ရောက်ရှိလာသည်
ကျူရှင်က4နာရီခွဲဆိုတော့ အိမ်မှာရေချိုးပြီးမှကျူရှင်သွားရသည် အိမ်ကကားနဲ့ပို့တာဆိုတော့အချိန်မှီသည် မောင်တို့အိမ်ကစည်းကမ်းကြီးသည် မောင်ဆိုဘယ်သွားသွားမေမေတို့ဆီက ခွင့်ပြုချက်တောင်းရသည် ကျောင်းသွားရင်တောင်တစ်ယောက်တည်းသွားခွင့်မပေး ကားနဲ့လိုက်ပို့သည် မောင်ကခုပုံစံနဲ့မနေချင် လူငယ်ပဲလွတ်လပ်ချင်သည် ဒီလောက်စည်းကမ်းတင်းကြပ်နေတာ ရည်းစားဘယ်လိုထားခဲ့လဲလို့သိချင်ကြပေလိမ့်မည် မောင့်ရဲ့အချစ်ဉီးကယော်ကျားလေးဖြစ်သည် သူကလည်းပိုက်ဆံရှိသည့်အသိုင်းဝိုင်းကပဲဖြစ်သည် သူနဲ့ရည်းစားဖြစ်တော့လည်းအမည်ခံမျှသာ ချိန်းတွေ့သည် လျှောက်လည်သည်များမရှိခဲ့ ကျောင်းမှာတွေ့လို့စကားနည်းနည်းပါးပါးပြောယုံ မုန့်စျေးတန်းမှာတစ်ခါတစ်လေမုန့်ဝယ်စားယုံမျှသာဖြစ်သည် ဒါပေမဲ့အချစ်ဉီးဆိုသည့်အတိုင်းမောင်သူ့ကိုချစ်ခဲ့ပါသည် သူနောက်တစ်ယောက်ထားသွားခဲ့တာလည်း မောင်ကအချိန်မပေးနိုင်၍ဖြစ်သည် အိမ်ကလူကြီးတွေမသိခင်မှာပဲ သူနဲ့မောင်ပြတ်သွားခဲ့သည် ။